မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ဝင်ကတ်ပြားများကို အလွဲသုံးစားပြုကာ တရားမဝင် လေသေနတ်ကိုင်ဆောင်သူနှစ်ဦးကို အရေးယူ

မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ဝင်ကတ်ပြားများကို အလွဲသုံးစားပြုကာ တရားမဝင် လေသေနတ်ကိုင်ဆောင်သူနှစ်ဦးကို အရေးယူ

မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ဝင်ကတ်ပြားများကို  အလွဲသုံးစားအသုံးပြုကာ တရားမဝင် လေသေနတ်ကိုင်ဆောင်သူနှစ်ဦးကို တရားဥပဒေ နှင့်အညီအရေးယူ ဆောင်ရွက်ထားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဇွန် ၁၉ ရက်တွင် သတင်းထုတ်ပြန်ထားသည်။ 

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ အိုးဘိုရပ်ကွက်အတွင်းရှိ ဦးအောင်အောင်၏ နေအိမ်၌ ဇွန် ၁၇ ရက် နံနက် ၄ နာရီခွဲခန့်တွင် လူငယ်များခိုက်ရန် ဖြစ်ပွားလျက် ရှိကြောင်း သတင်းအရ စစ်ကိုင်းမြို့၊ မြို့မရဲစခန်းမှ တာ ဝန်ရှိသူများနှင့် အိုးဘိုရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။


ထိုသို့သွားရောက်စစ်ဆေးရာ ခိုက်ရန်ဖြစ်ပွား လျက်ရှိသည့် နိုင်ကျော်ကြီးကို ထိုင်ဝမ် နိုင်ငံလုပ် Gas ထည့်၍ ကော်စေ့ဖြင့် ပစ်ခတ်ရသည့် လေသေနတ်တစ်လက်ဖြင့်လည်းကောင်း၊ နိုင်ဗေဒါကို အရိုးအသွား ၁၉ လက်မ၊ ဗြက် ၁ လက်မခန့်ရှိ ကင်ဒိုဓား တစ်လက်ဖြင့် လည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ကျန်လူငယ်တချို့မှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ သည်။ 
အဆိုပါဖမ်းဆီး ရမိသူနှစ်ဦးသည် စစ်ကိုင်းမြို့၌ စီးပွားရေး လုပ်ငန်းများလေ့လာရန်အတွက် ၂ဝ၁၈ခုနှစ်၊ မေလပိုင်းက ရန်ကုန်မြို့မှ ရောက်ရှိလာခဲ့ပြီး စစ်ကိုင်းမြို့၊ ရွှေမင်းဝံ ရပ်ကွက် ၁ လမ်း၊ အိမ်အမှတ်-၁၆၂ တွင် တစ်လလျှင် တစ်သိန်းနှုန်းဖြင့် ငှားရမ်းနေထိုင် သူများဖြစ်ကြောင်း သိရသည်။
 ၎င်းတို့ နှစ်ဦးသည် စီးပွား ရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် အခွင့်အလမ်းများ ရယူလိုမှုကြောင့် မွန်ငြိမ်းချမ်း ကာကွယ်ရေးတပ်ဖွဲ့ဝင်ကတ်ပြားများကို အယောင်ဆောင် အသုံးပြုကာ အလွဲသုံးစား ပြုလုပ်ခြင်းအပြင် တရားမဝင် လက်နက်များကိုင်ဆောင်၍ ခိုက်ရန် ဖြစ်ပွားမှုကြောင့် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး စစ်ကိုင်းမြို့မရဲစခန်းမှ အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည။်