မြောက်ကိုရီးယားနှင့်   ဆွေးနွေးရေးအထောက်အကူပြုရန် ပူးတွဲစစ်ရေးလေ့ကျင့်မှုဆိုင်းငံ့ကြောင်း   တောင်ကိုရီးယားဆို

မြောက်ကိုရီးယားနှင့်   ဆွေးနွေးရေးအထောက်အကူပြုရန် ပူးတွဲစစ်ရေးလေ့ကျင့်မှုဆိုင်းငံ့ကြောင်း   တောင်ကိုရီးယားဆို

မြောက်ကိုရီးယားနှင့် ဆက်လက်တွေ့ဆုံဆွေးနွေးကြရာတွင် အထောက်အကူပြုရန် အမေရိကန်နှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုအစီအစဉ်ကို ဆိုင်းငံ့လိုက်သည်ဟု တောင်ကိုရီးယားက ပြောဆိုခဲ့သည်။

 

တောင်ကိုရီးယားနှင့် အမေရိကန်နှစ်နိုင်ငံ စလုံးနှင့် မြောက်ကိုရီးယားတို့ ဆက်လက်ဆွေး နွေးမှုများကို အထောက်အကူရရန် ယင်းသို့ ဆုံးဖြတ်ခဲ့သည်ဟု ယုံကြည်ကြောင်း တောင် ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် ချိုအီဟွန်ဆိုးက ပြောဆိုခဲ့သည်။

စစ်ရေးလေ့ကျင့်မှု

အမေရိကန်နှင့် တောင်ကိုရီးယားတို့က သြဂုတ်၌ ကျင်းပရန်ရှိသည့် အူလ်ချီလွတ်မြောက် ရေးစောင့်ရှောက်မှုစစ်ရေးလေ့ကျင့်မှုကို ဆိုင်းငံ့ ကြောင်း ကြေညာခဲ့အပြီး တောင်ကိုရီးယား ကာကွယ်ရေးဌာနက ယင်းကဲ့သို့ ပြောဆိုခြင်းဖြစ် သည်။ ထို့ထက်ဦးစွာ သမ္မတထရမ့်က ဇွန် ၁၂ ရက်စင်ကာပူထိပ်သီးတွေ့ဆုံပွဲတွင် ကင်ဂျုံ အွန်နှင့် တွေ့ဆုံအပြီး၌ ပူးတွဲစစ်ရေးလေ့ကျင့်မှု ရပ်ဆိုင်းမည်ဟု ကတိပေးခဲ့သည်။

ထရမ့်၏ကြေညာချက်ကြောင့် ပင်တဂွန် စစ်ဌာနချုပ်နှင့် တောင်ကိုရီးယားပါ အံ့အားသင့် ခဲ့ရပြီး ဝေဖန်မှုအချို့ ထွက်ပေါ်ခဲ့သည့်နောက် ယခုအခါ စစ်ရေးလေ့ကျင့်မှုရပ်ဆိုင်းမည့်ကိစ္စ တွင် ညီညွတ်မှုရှိကြောင်း ပြသခဲ့ခြင်းဖြစ်သည်။

အခြားစစ်ရေးလေ့ကျင့်မှု

အမေရိကန်ကာကွယ်ရေးဌာနပြောခွင့်ရပုဂ္ဂိုလ် ဒါနာဝှိုက်ကမူ နွေရာသီစစ်ရေးလေ့ကျင့် မှုကိုရပ်တန့်ကြောင်း ပြောဆိုခဲ့သော်လည်း တောင်ကိုရီးယားနှင့် အခြားစစ်ရေးလေ့ကျင့်မှု များအတွက် မည်သည့်ဆုံးဖြတ်ချက်မျှမရှိသေး ကြောင်း ပြောဆိုခဲ့သည်။ ဂျပန်နှင့် အခြား ပစိဖိတ်နိုင်ငံများနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှု များကို ဆက်လက်ပြုလုပ်မည်ဖြစ်သည်။

ဆက်လုပ်မည်

ဝါရှင်တန်နှင့်ဆိုးလ်၏ ဆုံးဖြတ်ချက်ကို ဂျပန်ကာကွယ်ရေးဝန်ကြီး အီဆူနိုရီ အိုနိုဒဲရာ က နားလည်ကြောင်း၊ သို့သော် ဂျပန်အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဆက်လုပ်မည်ဖြစ် ကြောင်း ပြောဆိုခဲ့သည်။