လူဝင်မှုကြီးကြပ်ရေးကို တင်းကျပ်စွာကိုင်တွယ်နေမှုများနှင့် ပတ်သက်ပြီ းဝေဖန်သံများ ထွက်နေခြင်းကို တုံ့ပြန်သောအားဖြင့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အမေရိကန်သည် ခိုလှုံသူများစခန်းဖွင့်ရာ နိုင်ငံမဟုတ်ဟု ပြောဆိုလိုက်ကြောင်း သိရသည်။
"အမေရိကန်ဟာ ခိုလှုံရေးစခန်းနိုင်ငံမဟုတ်သလို၊ ခိုလှုံသူထိန်းသိမ်းရေးစခန်းတွေ ဖွင့်ပြီး ဝန်ထုပ်ထမ်းနေမယ့် နိုင်ငံလည်းမဟုတ်ဘူး"ဟု သမ္မတထရမ့်က ပြောကြားခဲ့သည်။ ပြီးခဲ့ သည့် ရက်ပိုင်းများအတွင်း တက္ကဆက်ပြည်နယ်ရှိ ခိုလှုံသူထိန်းသိမ်းရေးစခန်းများတွင် တရား မဝင် ခိုလှုံသူမိဘများ အဖမ်းခံရမှုကြောင့် ကျန်ရစ်သည့် ကလေးများကို ထိန်းသိမ်းရေးစခန်း များတွင် ခြံခတ်ကာ လှောင်ထားသည့် ဓာတ်ပုံများတက်လာမှုကြောင့် နိုင်ငံတကာအသိုင်းအဝိုင်း ထံမှ ဝေဖန်သံများ ဆူညံခဲ့သည်။
ကုလသမဂ္ဂ လူ့အခွင့်အရေးအဖွဲ့ အကြီးအကဲကလည်း အမေရိကန်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒသည် လက်သင့်ခံနိုင်ဖွယ်မရှိဟု ဝေဖန်ခဲ့သည်။ ဧပြီလလယ်ပိုင်းမှ မေလကုန်အထိ ကလေး ၂၀ဝ၀ နီးပါး မိဘများနှင့်ခွဲကာ ခိုလှုံရေးစခန်းများတွင် ထိန်းသိမ်းခံထားရသည်။ လူဝင်မှုကြီးကြပ်ရေး“သည်းခံမှုသုည”မူဝါဒကြောင့် တရားမဝင် ခိုလှုံလာသူများကို ဖမ်းဆီးထိန်း သိမ်းခဲ့ရာတွင် ကလေးများကိုကား အရေးယူရန် မဖြစ်နိုင်သဖြင့် ကလေးများကို ထိန်းသိမ်းရေး စင်တာများသို့ပို့ကာ စောင့်ရှောက်ထားရသည်။
ကလေးများကိုစောင့်ရှောက်ရန် နေရာမလုံလောက်သဖြင့် ကုန်လှောင်ရုံများ၊ စူပါမားကတ် အဟောင်းများကိုပင်အသုံးပြုနေရသလို၊ အပူချိန် ၄၀ စင်တီဂရိတ်ရှိသည့် တက္ကဆက် သဲ ကန္တာရအတွင်း တဲများထိုးကာ စခန်းများ ဖွင့်လှစ်ရန်ထိပါ စီစဉ်လျက်ရှိကြောင်း သိရသည်။
"ဥရောပကို ကြည့်၊ တခြားဒေသတွေကိုလည်း ကြည့်၊ ခိုလှုံသူတွေ လှိမ့်ဝင်နေတာတွေ့တယ် မှတ်လား။ အမေရိကန်မှာ အဲ့ဒါမျိုးခွင့်မပြုနိုင်ဘူး။ အနည်းဆုံးတော့ ကျုပ်လက်ထက်မှာခွင့်မပြု နိုင်ဘူး"ဟု သမ္မတထရမ့်က ဆိုသည်။ ခိုလှုံသူ သန်းချီဝင်ခွင့်ပေးခဲ့သည့် ဥရောပနိုင်ငံများသည် အမှားကြီးကျူးလွန်ခြင်းဖြစ်သည်ဟု သမ္မတထရမ့်က ပြစ်တင်လိုက်သည်။ အထူးသဖြင့် ဂျာမနီထဲသို့ သန်းချီသောခိုလှုံသူများ ဝင်ခွင့်ပေးခဲ့သည့် ဝန်ကြီးချုပ်အိန်ဂျလာမာကယ်ကို ပြစ်တင်လိုက်ပြီး၊ ထိုအကျိုးဆက်ကြောင့်ပင် ဂျာမနီပြည်သူများသည် မစ္စမာကယ်ကို ဆန့်ကျင် နေကြပြီဟုလည်း သမ္မတထရမ့်က ပြောသည်။
















