အမေရိကန်ပြည်ထောင်စုမှ နာမည်ကျော် လူငယ်ရက်ပါအဆိုတော် XXXTentacion သည် ဖလော်ရီဒါတောင်ပိုင်း၌် ဇွန် ၁၈ ရက်က သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။ ပစ်ခတ်သူများမှာ နှစ်ဦးဖြစ်ကာ ရှောင်ပြေးသွားပြီး စုံစမ်းနေဆဲဖြစ်သည်။
အသက် ၂၀ သာရှိသေးပြီး ၎င်းကိုယ်တိုင် လည်း ပြစ်မှုမှတ်တမ်းရှိကာ လျင်မြန်စွာကျော် ကြားလာခဲ့သည့် လူငယ်ရက်ပါသည် မော်တော် ဆိုင်ကယ်အရောင်းဌာနတစ်ခုမှ ကားဖြင့် ထွက်ခွာလာစဉ် ဓားပြများနှင့်ဆုံတွေ့ခဲ့ဖွယ်ရှိပြီး ဓားပြတစ်ဦးက ပစ်ခတ်ခဲ့ခြင်းကြောင့် ဒဏ်ရာရရှိခဲ့ကာ ဆေးရုံသို့ပို့ဆောင်ခဲ့သော် လည်း သေဆုံးခဲ့ရခြင်းဖြစ်သည်။
အမည်ရင်း ဂျာဆက်အွန်ဖရိုင်ဖြစ်သည့် လူငယ်ရက်ပါသည် အကြမ်းဖက်မှုစွဲချက်များဖြင့် ရင်ဆိုင်ခဲ့ရပြီး ရက်ပ်ဂီတလောက၏ အငြင်း ပွားဖွယ်အကောင်းဆုံး ဂီတသမားတစ်ဦးဖြစ် သည်။
ထွက်ပြေးလွတ်မြောက်
မိုင်ယာမီမြောက်ပိုင်းမှ ၄၃ မိုင်အကွာရှိ ဒီးယားဖီလ်းကမ်းခြေတွင် ဖြစ်ပွားခဲ့သည့် ယင်းမှုခင်းမှ သံသယရှိသူနှစ်ဦးတို့သည် ကား တစ်စီးဖြင့် ထွက်ပြေးလွတ်မြောက်သွားသည်။ ဗွီဒီယိုမှတ်တမ်းတွင် အွန်ဖရိုင်သည် ၎င်း၏ ဘီအမ်ဒဗလျူကားပေါ်တွင် ပုံလျက်သားလဲကျ နေသည်ကို တွေ့ရသည်။
လူငယ်ပြုပြင်ရေးစခန်း
အွန်ဖရိုင်သည် ဖလော်ရီဒါတွင်မွေးဖွားခဲ့ ပြီး ဆယ်ကျော်သက်အရွယ် လူငယ်ပြုပြင်ရေး စခန်းရောက်ရှိခဲ့စဉ်မှာပင် သီချင်းများ စတင် ရေးသားခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် ၄င်း၏ ပထမဆုံးသီချင်းကို အွန်လိုင်းပေါ်တွင် စတင် ဖြန့်ချိခဲ့သည်။ ယင်းနောက် လျင်မြန်စွာ ကျော် ကြားလာခဲ့ပြီး ဗွေဆော်ဦး သီချင်းအယ်လ်ဘမ် ကို ၂၀၁၇ ခုနှစ် သြဂုတ်တွင် ထုတ်လုပ် ဖြန့် ချိခဲ့သည်။ ဒုတိယအယ်လ်ဘမ်ကိုလည်း ၂၀၁၈ မတ်တွင် ဖြန့်ချိခဲ့ပြီး ၄င်းသည် ဘီလ်ဘုတ် ၂၀ဝ စာရင်းတွင် ပထမစွဲခဲ့သည်။

















