ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်သည့် တရုတ်နိုင်ငံသားများအမှုမှ တရားလို ရဲအရာရှိကို တရားရုံးတွင် ယနေ့ထပ်မံစစ်ဆေး

ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်သည့် တရုတ်နိုင်ငံသားများအမှုမှ တရားလို ရဲအရာရှိကို တရားရုံးတွင် ယနေ့ထပ်မံစစ်ဆေး

လိုင်စင်မရှိဘဲ အလှပြင်ဆိုင်အမည်ခံ ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားများကို ဖမ်းဆီးရာတွင်ပါဝင်ဆောင်ရွက်ခဲ့သည့် တရားလို ရဲအရာရှိ ကို တောင်ဥက္ကလာပမြို့နယ်တရားရုံးတွင် ယနေ့ ဇွန် ၂၀ ရက်က ထပ်မံစစ်ဆေးခဲ့သည်။ 

ယနေ့ ရုံးချိန်းတွင် တရားလို ရဲအုပ်တင့်လွင်ကို အမှုမှသိမ်းဆည်းရမိခဲ့သည့် သက်သေခံပစ္စည်းများပတ်သက်၍ စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးတရားစွဲ ဆိုမှုနှင့်ပတ်သက်၍လည်း ပြီးခဲ့သည့် ဇွန် ၆ ရက်ရုံးချိန်းတွင် ၄င်းကို စစ်ဆေးခဲ့သည်။ 
ဖြစ်စဉ်မှာ မေ ၂၂ ရက် နံနက် ၄ နာရီ အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီးမှုခင်းအကူဌာနစုမှူး နှင့် တောင်ဥက္ကလာပမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက ဝေဇယန္တာလမ်းပေါ်တွင် ဖွင့်လှစ်ထားသည့်Oriental Spa အလှပြင်ဆိုင်အမည်ခံ ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်နေကြောင်းသတင်းအရ အသွင်ယူ သက်သေတို့ဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
အဆိုပါဆိုင်အတွင်းမှ ပြည့်တန်ဆာလုပ်ကိုင်သူ အမျိုးသမီး ၁၇ ဦးနှင့်ဆိုင်မန်နေဂျာ အပါအဝင် ၁၁ ဦး စုစုပေါင်း ၂၈ ဦးကို ဖမ်းဆီးရမိခဲ့သည်။
¬¬¬¬¬ ပြည့်တန်ဆာလုပ်ကိုင်သူ မလီထင် ပါ ၁၇ ဦးကိုဖမ်းဆီး အရေးယူခဲ့ပြီး တောင်ဥက္ကလာပမြို့မရဲစခန်းကပြည့်တန်ဆာနှိပ်ကွပ်ရေးဥပဒေပုဒ်မ ၃(က)/ (ခ) အရ လည်းကောင်း၊ ဆိုင်မန်နေဂျာဖုန်အန်သင်းပါ (၁၁)ဦးကို  ပြည့်တန်ဆာနှိပ် ကွပ်ရေး ဥပဒေ ပုဒ်မ ၅(၁)ဖြင့်လည်းကောင်း၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ ဖြင့် လည်းကောင်း အသီးသီး အမှုဖွင့်ကာ တောင်ဥက္ကလာပမြို့နယ်တရားရုံးသို့ မေ ၂၂ ရက်နေ့တွင် နေ့ချင်းပြီးချုပ်ရမန်တောင်းယူ စစ်ဆေးခဲ့သည်။
ဖမ်းဆီးရမိသူများကို သက်ဆိုင်ရာက ကနဦးဖမ်းဆီးစဉ်က နေထိုင်ခွင့်ဗီဇာ၊ပက်စ်ပို့ များတောင်းယူ စစ်ဆေးစဉ် ပြသနိုင်ခြင်းမရှိခဲ့သော်လည်း မေ ၂၄နှင့် ၂၅ ရက်နေ့ များတွင် တောင်ဥက္ကလာပမြို့နယ် (လဝက)မှဆက်လက်စစ်ဆေးပေါ်ပေါက်ချက်များအရ ၄င်းတို့မှာ မြန်မာနိုင်ငံသို့ စီးပွား ရေးဗီဇာဖြင့်ဝင်ရောက်ခဲ့ပြီး စီးပွားရေးမလုပ်ကိုင်ဘဲပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင် နေခြင်းကြောင့်ဗီဇာတွင် သတ်မှတ်ထားသည့်စည်းကမ်းချက်များကိုဖောက်ဖျက်သဖြင့်လဝကဥပဒေပုဒ်မ၄(၂)/၁၃(၁) တို့ အရအမှုဖွင့်အရေးယူခဲ့သည်။
၄င်းတို့ အပါဝင်ဖမ်းဆီးခံရမှုတွင် ပါဝင်သူများတွင်မြန်မာနိုင်ငံတွင်းနေထိုင်သူတိုင်းရင်းသားများလည်း ပါဝင်ကြောင်း ရဲတပ်ဖွဲ့မှတ်တမ်းများအရ သိရသည်။
 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး