သာယာဝတီမြို့တွင် ခရီးသည်တင်ယာဉ်နှင့် ဒိုင်နာယာဉ်တို့ မျက်နှာချင်းဆိုင်တိုက်မိပြီးတစ်ဦးသေဆုံးကာ ၅ ဦး ဒဏ်ရာရ
ဇွန် ၂၀ ရက် နံနက် ၇ နာရီအချိန်ခန့်က သာယာဝတီမြို့ တံတားကြီးကွင်းအနီး ခရီးသည်တင်ယာဉ်နှင့် ဒိုင်နာယာဉ်တို့ မျက်နှာချင်းဆိုင်တိုက်မိကြောင်း လက်ပံတန်းလူမှုကယ်ဆယ်ရေးအသင်းမှ သိရသည်။
ယာဉ်တိုက်မှုကြောင့် လူတစ်ဦးသေဆုံးကာ ၅ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ၄င်းတို့ ကို လက်ပံတန်းလူမှုကယ်ဆယ်ရေးအသင်း အရေးပေါ်ကယ်ဆယ်ရေးယာဉ် ၂ စီးဖြင့် သွားရောက် ကူညီခဲ့ကြောင်း သိရသည်။

















