မန္တလေးနန်းရှေ့ ရေစစ်ကန်အနီး အမှိုက်ပုံတွင် လူသေအလောင်းတွေ့
ဇွန် ၂၀ ရက် နံနက်၁၀ နာရီ ၅၃မိနစ်အချိန်ခန့်တွင် မန္တလေးနန်းရှေ့ ရေနီမြောင်း ရေစစ်ကန်ရေလှောင်ကန် အရှေ့ဘက်ကန်ဘောင်အနီး အမှိုက်ပုံတွင် လူသေအလောင်းတစ်လောင်းတွေ့ရှိခဲ့ကြောင်း သိရသည်။
အလောင်းမှာ ပုပ်ပွနေပြီး မီးသတ်တပ်ဖွဲ့ဝင်များက နာရေးကူညီမှု ယာဉ်ဖြင့်ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း သိရသည်။
တွေ့ရှိသည့်အလောင်းနှင့်ပတ်သက်၍ မည်သူမည်ဝါဖြစ်ကြောင်းကို သက်ဆိုင်ရာက ဆက်လက် စစ်ဆေးလျက်ရှိကြောင်း ကနဦး သတင်းရရှိသည်။

















