လွန်ခဲ့သည့်အပတ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယားခေါင်း ဆောင်ကင်ဂျုံအွန် တွေ့ဆုံဆွေးနွေးရန် တရုတ် သမ္မတရှီကျင့်ဖျင်က ထောက်ခံမှုပေးခဲ့ခြင်းကို အထူးကျေးဇူးတင်သည်ဟု ကင်ဂျုံအွန်က ပြောဆိုခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာက ဖော်ပြခဲ့သည်။
ကင်ဂျုံအွန်သည် ယခုနှစ်အတွင်း တရုတ် သို့ တတိယမြောက်ခရီးစဉ်အဖြစ် ဇွန် ၁၉ ရက်က စတင်ရောက်ရှိခဲ့ရာ အိမ်နီးချင်းကွန်မြူ နစ်နှစ်နိုင်ငံအကြား ဆက်ဆံရေးအဓိကတိုး တက်မှုအဖြစ် မီးမောင်းထိုးပြရာရောက်ကြောင်း အေပီသတင်းက ဖော်ပြခဲ့သည်။
ထရမ့်နှင့် တွေ့ဆုံရန် ပေကျင်း၏ထောက်ခံမှုကို ပြုံယမ်း က အထူးတန်ဖိုးထား၍ အလွန်ကျေးဇူးတင် ကြောင်း ဇွန် ၂၀ ရက် သမ္မတရှီကျင့်ဖျင်နှင့် တွေ့ဆုံရာတွင် ကင်ဂျုံအွန်က ပြောဆိုခဲ့ခြင်း ဖြစ်သည်။
တရုတ်သည် မြောက်ကိုရီးယားကို နျူနှင့် တာဝေးဒုံးကျည်လက်နက်များ စွန့်လွှတ်ရေး ဆွေးနွေးမှုတွင် တိုးတက်အောင်လုပ်ဆောင် ပါက ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုမြှင်တက် ရေးအလားအလာရှိကြောင်း ဆွယ်တရားဟော ခဲ့ပြီး စီးပွားရေးပြုပြင်ပြောင်းလဲရန်လည်း ဖိအားပေးခဲ့သည်။
ကင်ဂျုံအွန်နှင့်တွေ့ဆုံရာတွင် သမ္မတရှီက မြောက်ကိုရီးယားနှင့်အမေရိကန် ထိပ်သီးစည်း ဝေးပွဲမှ သဘောတူညီမှုများအပြည့်အဝဆောင် ရွက်နိုင်ကြလိမ့်မည်ဟုမျှော်လင့်ကြောင်း၊ ယင်း ဖြစ်စဉ်တွင် တရုတ်သည် အပြုသဘောဆောင် သောအနေအထားမှ အစဉ်ပါဝင်သွားမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
















