ဒစ္စနေက ၂၁ ရာစုမြေခွေးကုမ္ပဏီကို ဒေါ်လာ ဘီလီယံ ၇၀ ကျော်ထိပေးမည်

ဒစ္စနေက ၂၁ ရာစုမြေခွေးကုမ္ပဏီကို ဒေါ်လာ ဘီလီယံ ၇၀ ကျော်ထိပေးမည်

ဖျော်ဖြေရေးနှင့်မီဒီယာကုမ္ပဏီကြီး ဒစ္စနေသည် ဘီလီယံနာ မားဒေါ့ချ်ပိုင်ဆိုင်သည့် ၂၁ ရာစုမြေခွေးကုမ္ပဏီကို မူလက ဒေါ်လာ ၅၂ ဘီလီယံပေး၍ ဝယ်ယူရန် ကမ်းလှမ်းခဲ့ရာမှ ယခုအခါ ဒေါ်လာ ၇၁ ဒသမ ၃ ဘီလီယံအထိ ငွေသားနှင့် ရှယ်ယာများပေးချေရန် တိုးမြှင့်ကမ်းလှမ်းလိုက်သည်။

ယင်းကမ်းလှမ်းမှုက ၂၁ ရာစုမြေခွေး၏ ရှယ်ယာတစ်စုလျှင်     ၃၈ ဒေါ်လာအထိ ဖြစ်သွားစေပြီး ဒီဇင်ဘာတွင် မူလကမ်းလှမ်းခဲ့သည်ထက် ၁၀ ဒေါ်လာခန့် မြင့်တက်ခြဲ့ခင်းဖြစ်သည်။ အမေရိကန်မီဒီယာကုမ္ပဏီ ကွမ်ကတ်စ်တ်က ၂၁ ရာစုမြေခွေးကို ဒေါ်လာ ၆၅ ဘီလီယံ ပေးဝယ်ရန် ကမ်းလှမ်းခဲ့ခြင်းကြောင့် ဒစ္စနေကလည်း ဈေးမြှင့်ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။

ရှယ်ယာရှင်များအနေဖြင့် ဒစ္စနေ၏ထပ်မံပြုပြင်ကမ်းလှမ်းချက်ကို ချင့်တွက်ကြရန်နှင့် ယင်းကမ်းလှမ်းချက်သည် ကွမ်ကတ်စ်တ်ထက် ပိုမိုသာလွန်ကြောင်း ဒစ္စနေကပြောသည်။ သတင်းကြောင့် ဒစ္စနေနှင့် ၂၁ ရာစုမြေခွေး၏ ရှယ်ယာများ ဈေးနှုန်းမြင့်တက်ခဲ့သည်။

အမေရိကန်အစိုးရသည် မီဒီယာလုပ်ငန်း တိုင်းမ်ဝါနာနှင့် ဆက်သွယ်ရေးလုပ်ငန်း အေတီအင်တီ ပေါင်းစည်းခြင်းကို လတ်တလောကန့်ကွက်ထားရာ ၂၁ ရာစုမြေခွေးကို ဒစ္စနေ သို့မဟုတ် ကွမ်ကတ်စ်တ် မည်သူဝယ်ယူသည်ဖြစ်စေ ဥပဒေအရ စိစစ်ခြင်း ရင်ဆိုင်ရဖွယ်ရှိသည်။