တောင်ကိုရီးယား၏ ထိပ်တန်းအွန်လိုင်းငွေကြေးအိတ်ချိန်းဖြစ်သည့် ဘစ်သမ့်ဘ်သည် ဟက်ကာများ ဖောက်ထွင်းခံရမှုကြောင့် အမေရိကန်ဒေါ်လာ ၃၁ သန်းနှင့်ညီမျှသည့် ခရစ်ပတိုငွေကြေးများ ဆုံးရှုံးခဲ့ကြောင်း ဇွန် ၂၀ ရက်က ပြောဆိုခဲ့သည်။
ယင်းကြောင့် ဘစ်သမ့်ဘ်သည် ကုန်သွယ်ရေးနှင့် ခရစ်ပတိုငွေကို ကိုရီးယားဝမ်ငွေနှင့် လဲလှယ်မှုကို ဆိုင်းငံ့ခဲ့သည်။ ဆုံးရှုံးမှုများအတွက် ပေးလျော်မည်ဖြစ်ကြောင်း ဘစ်သမ့်ဘ်က ကြေညာခဲ့သည်။ ယင်းသည် ဆက်တိုက်ဖြစ်ပေါ်နေသည့် ခရစ်ပတိုငွေကြေးအိတ်ချိန်းဌာနများအား ဟက်ကာဖောက်ထွင်းမှု နောက်ဆုံးတစ်ခုဖြစ်ပြီး ယင်းကြောင့် ရင်းနှီးမြှပ်နှံသူများ၏ စိုးရိမ်ပူပန်မှုများ မြင့်တက်ခဲ့သည်။
ယခုလအစောပိုင်းကလည်း တောင်ကိုရီးယားရှိ အငယ်စားငွေလဲဌာနတစ်ခုဖြစ်သည့် ကွိုင်ရေးလ်သည် ဟက်ကာဖောက်ထွင်းခံရမှုကြောင့် ဒေါ်လလာ ၃၇ သန်းနှင့်ညီမျှသည့် အွန်လိုင်းငွေကြေးများ ဆုံးရှုံးခဲ့ရသည်။

















