အမေရိကန်ကို တန်ပြန်အခွန်တိုးကောက်မှုများ ဥရောပသမဂ္ဂ ဇွန် ၂၂ တွင် စတင်

အမေရိကန်ကို တန်ပြန်အခွန်တိုးကောက်မှုများ ဥရောပသမဂ္ဂ ဇွန် ၂၂ တွင် စတင်

အမေရိကန်၏ ပို့ကုန်များအပေါ် တန်ပြန်အခွန်တိုးကောက်မှုများကိုဇွန် ၂၂ တွင် စတင်ပြီဖြစ်ကြောင်းဥရောပသမဂ္ဂက ထုတ်ပြန်ကြေညာသည်။

 

ဥရောပသမဂ္ဂအနေဖြင့် အမေရိကန်နှင့် ယခုလိုကုန်သွယ်ရေးတင်းမာမှု အနေအထားမျိုးမဖြစ်စေလိုကြောင်း၊ အမေရိကန်ကတစ်ဖက်သတ်ဆန်စွာဖြင့် ဥရောပသံမဏိနှင့် အလျူမီနီယံများအပေါ် အခွန်တိုးကောက်မှုကြောင့်သာဥရောပသမဂ္ဂကမလွှဲမရှောင်သာတန်ပြန်ရခြင်းဖြစ်ကြောင်းမစ္စ မယ်စတုမ်းကပြောသည်။

အမေရိကန်သို့ ပြည်ပကတင်သွင်းသည့် သံမဏိများကိုအခွန် ၂၅ ရာခိုင်နှုန်း၊ အလျူမီနီယံများကိုအခွန် ၁၀ ရာခိုင်နှုန်းတိုးကောက်ရန် သမ္မတထရမ့်က စီစဉ်ခဲ့သည်။ ကနေဒါ၊ မက္ကဆီကိုစသည့် အမေရိကန် အိမ်နီးချင်းနိုင်ငံများကိုပါ အခွန်တိုးကောက်မည်ဖြစ်သည်။ ကနေဒါကလည်းဇူလိုင် ၁ ရက်ကစတင်ကာကနေဒါဒေါ်လာ ၁၆ ဒသမ ၆ ဘီလီယံဖိုးရှိမည့် အမေရိကန်သွင်းကုန်များအပေါ် အခွန် တန်ပြန်တိုးကောက်မည်ဟုကြေညာခဲ့သည်။ မက္ကဆီကိုကလည်းဒေါ်လာ ၃ ဘီလီယံဖိုးရှိသောအမေရိကန်သွင်းကုန်များအပေါ် အခွန်တိုးကောက်မည်ဟု ပြီးခဲ့သည့် သီတင်းပတ်များကပင် ကြေညာခဲ့သည်။

တရုတ်အနေဖြင့် အမေရိကန်အပေါ် မမျှတသောကုန်သွယ်ရေးဖြင့် ဆက်လက်လုပ်ကိုင်နေပါကတရုတ်သွင်းကုန် ဒေါ်လာ ၂၀ဝ ဘီလီယံဖိုးအပေါ်အခွန် ၁၀ ရာခိုင်နှုန်းထပ်တိုးကောက်ခံဦးမည်ဟုသမ္မတထရမ့်က ပြောသည်။ ရှေ့ပိုင်းတွင်လည်းတရုတ်သွင်းကုန် ဒေါ်လာ ၅၀ ဘီလီယံဖိုးအပေါ် အခွန်တိုးကောက်ခဲ့ပြီး ဖြစ်သည်။