ထိုင်းဘုရင်သစ်အတွက် နန်းတက်ပွဲအခမ်းအနားကျင်းပပြီးမှသာ ရွေးကောက်ပွဲကျင်းပပေးနိုင်မည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် ပရာယုချန်အိုချာက ဇွန် ၁၉ ရက်၌ ထုတ်ပြန်ပြောဆိုလိုက်မှုကြောင့် လာမည့်နှစ် ဖေဖော်ဝါရီလတွင် အထွေထွေရွေးကောက်ပွဲကျင်းပပေး မည်ဖြစ်ကြောင်း စစ်အစိုးရက ကတိပြုထားမှု အကောင်အထည်ဖော်နိုင်ခြေနည်းသွားပြီဖြစ်ကြောင်း ပြောဆိုမှုများရှိနေသည်။
ထိုင်းစစ်ခေါင်းဆောင်များသည် ရွေး ကောက်ခံအစိုးရကို ၂၀၁၄ ခုနှစ် မေလတွင် ဖြုတ်ချကာ အာဏာသိမ်းခဲ့ပြီးနောက် ရွေး ကောက်ပွဲကျင်းပပေးမည့်နေ့ရက်ကို အကြိမ် ကြိမ်ရွှေ့ဆိုင်းခဲ့ပြီးဖြစ်သည်။ ၎င်း၏အစိုးရ သည် ဘုရင်မဟာဝဇီရလောင်ကွန်းဘောဒင် ဒြာဒေဘယာဝရန်ကွန်း၏ နန်းတက်မင်္ဂလာ အတွက် စီစဉ်နေသောကြောင့် ရွေးကောက်ပွဲ ကို ယင်းအခမ်းအနားပြီးမှသာ ကျင်းပပေးနိုင် မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ပရာယုက သတင်း ထောက်များကို ပြောဆိုခဲ့သည်။
နန်းတက်
နန်းတက်မင်္ဂလာအတွက် နေ့ရက်ကိုသတ် မှတ်ရခြင်းမရှိသေးသောကြောင့် ရွေးကောက် ပွဲကို သတ်မှတ်ထားသည့်အချိန်တွင် ကျင်းပ နိုင်တော့မည်မဟုတ်ကြောင်း ပြောဆိုမှုများရှိ နေသည်။ ၂၀၁၆ ခုနှစ်တွင် ဘုရင်ဘူမိဘော အဒူလျာဒေဇ ကံတော်ကုန်ပြီးနောက် ဝဇီရ လောင်ကွန်း နန်းတက်ခဲ့သည်။
မမေ့စေချင်
အရေးကြီးသည့်အချက်မှာ အမျိုးသားငြိမ်း ချမ်းရေးနှင့်ငြိမ်ဝပ်ပိပြားရေးကောင်စီ(အင်န်စီ ပီအို)သည် တော်ဝင်နန်းတက်မင်္ဂလာပွဲအတွက် စီစဉ်နေခြင်းဖြစ်ကြောင်း ပရာယုက ပြောဆို ခဲ့သည်။ "ထိုင်းနိုင်ငံသားတွေအနေနဲ့ ဒါဟာ အင်မတန်အရေးပါတဲ့ကိစ္စဆိုတာကို မမေ့စေ ချင်ဘူး"ဟု ၎င်းက ပြောဆိုခဲ့သည်။ အင်န်စီ ပီအိုသည် စစ်အစိုးရအဖွဲ့၏အမည်ဖြစ်သည်။
ရွေးကောက်ပွဲကို နန်းတက်မင်္ဂလာပွဲမတိုင် မီတွင် ကျင်းပနိုင်ခြေရှိမရှိ သတင်းထောက် တစ်ဦးက မေးမြန်းခဲ့ခြင်းကို ပရာယုက နန်း တက်ပွဲပြီးမှသာ ကျင်းပနိုင်မည်ဖြစ်ကြောင်း ဖြေဆိုခဲ့ခြင်းဖြစ်သည်။ နန်းတက်မင်္ဂလာပွဲ မည်သည့်အချိန်တွင်ကျင်းပမည်ကို ဝန်ကြီး ချုပ်က ထုတ်ပြန်ခြင်းမရှိသေးကြောင်း ယခု ထုတ်ပြန်ချက်သည် နိုင်ငံရေးကိစ္စမဟုတ်သေး ကြောင်း ၂၀၁၄ ခုနှစ် ဖြုတ်ချခံအစိုးရလက် ထက်တွင် ပညာရေးဝန်ကြီးအဖြစ် တာဝန်ထမ်း ဆောင်ခဲ့သည့် ချာတူရွန်ချိုင်ဆေယန်းကပြော ဆိုသည်။
ကတိအတိုင်း
"နန်းတက်မင်္ဂလာပွဲ ဘယ်အချိန်မှာ ကျင်းပမယ်ဆိုတာ ဘုရင်မင်းမြတ်နဲ့ အစိုးရရဲ့ ဆန္ဒအတိုင်းရှိမှာပဲ၊ ဘယ်သူမှလည်းမသိနိုင် ဘူး၊ ရွေးကောက်ပွဲမတိုင်မီ ကျင်းပမယ်ဆိုရင် လည်း ရွေးကောက်ပွဲကို ကတိပြုထားတဲ့အချိန် မှာလုပ်ရမှာပဲ၊ ကတိအတိုင်းမလုပ်နိုင်ခဲ့ဘူး ဆိုရင် မကျေနပ်မှုတွေရှိလာမှာပဲ"ဟု ၎င်းက ပြောဆိုခဲ့သည်။

















