အစ္စရေးဘက်သို့ မီးလောင်နိုင်သည့်စွန်များလွှတ်တင် ပါလက်စတိုင်းဆန္ဒပြသူများ တန်ပြန်တိုက်ခိုက်ခဲ့ကြ

အစ္စရေးဘက်သို့ မီးလောင်နိုင်သည့်စွန်များလွှတ်တင် ပါလက်စတိုင်းဆန္ဒပြသူများ တန်ပြန်တိုက်ခိုက်ခဲ့ကြ

ဂါဇာဒေသရှိ ပါလက်စတိုင်းများက အစ္စ ရေးတောင်ပိုင်းကို မီးရှို့ထားသည့်စွန်များ၊ လက်နက်ကြီးများဖြင့် နည်းလမ်းအဖုံဖုံတိုက် ခိုက်ခဲ့ပြီးနောက် အစ္စရေးတို့ကလည်း ဂါဇာရှိ ပါလက်စတိုင်းပစ်မှတ်များကို လေကြောင်းမှ တိုက်လေယာဉ်များဖြင့် တုံ့ပြန်တိုက်ခိုက်ခဲ့သည်။

ပျက်စီး

ပါလက်စတိုင်းများသည် မီးရှို့နိုင်သည့် စွန်များ၊ မိုးပျံဘောလုံးများဖြင့် အစ္စရေးတောင် ပိုင်းရှိ ယာခင်းများနှင့် သဘာဝ၀န်းကျင်ကို ပျက်စီးစေသည့်နည်းလမ်းတစ်ရပ်ကို ယခု အသုံးပြုလာကြသည်။ နယ်စပ်ဖြတ်ကျော်၍ ဦးတည်ရာမဲ့ကျရောက်လာသည့် မီးစွဲစွန်များ ကြောင့် တစ်လအတွင်း မီးလောင်မှုအကြိမ် ၄၅၀ ဖြစ်ပွားခဲ့ပြီး ဧက ၇၀ဝ၀ (ဟက်တာ ၂၈၀ဝ) မီးလောင်ပျက်စီးခဲ့ကာ ဒေါ်လာနှစ် သန်းဖိုးခန့်ပျက်စီးခဲ့ကြောင်း သိရသည်။

ပစ်ခတ်

ထို့အပြင် ပါလက်စတိုင်းတို့က ဒုံးကျည် များနှင့် မော်တာများဖြင့် ၂၅ ချက်ခန့် ပစ်ခတ် ခဲ့ပြန်၍ အစ္စရေးဂျက်တိုက်လေယာဉ်များက ဂါဇာရှိ ပါလက်စတိုင်းဟားမတ်စ်စစ်သွေးြွက ပစ်မှတ် ၂၅ ခုကိုတိုက်ခိုက်ခဲ့ကြောင်း ဇွန် ၂၀ ရက်၌ထုတ်ပြန်ခဲ့သည်။ အစ္စရေးဘက်ရှိ ထိခိုက်ဒဏ်ရာရသူဦးရေကိုမသိရှိရဘဲ ဟား မတ်စ်စစ်သည်နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်းသာ ထုတ်ပြန်ခဲ့သည်။

မတ် ၃၀ ရက်၌ ဆန္ဒပြကန့်ကွက်မှုများ ဖြစ်ပွားခဲ့ချိန်မှစ၍ အစ္စရေးလက်ချက်ဖြင့် ပါလက်စတိုင်း ၁၂၀ ကျော် သေဆုံးခဲ့ကာ ထောင်ချီဒဏ်ရာရခဲ့ကြောင်း ဂါဇာကျန်းမာ ရေးဌာနကထုတ်ပြန်ထားသည်။ အစ္စရေးတပ်ဖွဲ့ များသည် အင်အားအလွန်အကျွံသုံးစွဲခဲ့ကြောင်း လူ့အခွင့်အရေးအဖွဲ့များက စွပ်စွဲခဲ့ပြီးဖြစ် သည်။