ကော့သောင်းလမ်းမ မလိဝမ်းကျေးရွာ အနီး ယာဉ်တိမ်းမှောက် ၂ ဦးသေဆုံး

ကော့သောင်းလမ်းမ မလိဝမ်းကျေးရွာ အနီး ယာဉ်တိမ်းမှောက် ၂ ဦးသေဆုံး

ဇွန်၂၁ ရက်နေ့ နံနက် ၈ နာရီ ချိန်ခန့်တွင် ကော့သောင်းလမ်းမ မလိဝမ်းကျေးရွာ အနီး ၂၂ မိုင်တွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး လူ ၂ ဦးသေဆုံးကြောင်း မလိဝမ်းမီးသတ်စခန်း လက်ထောက်မီး သတ်ဦးစီးမှူး ဦးအောင်ပိုင်စိုးက ပြောသည်။

'' မနက် ၈ နာရီခွဲ မှာ မလိဝမ်းစခန်းက ကျွန်တော်ကို ယာဉ်တိုက်မှုဖြစ်ပြီး လူသေဆုံးတယ်လို့ အကြောင်းကြားလို့ ဒီက ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ကျွန်တော်တို့သွားတယ်။ ဟိုရောက်တော့ သေဆုံးသူ ၂ ယောက်ရဲ့ အလောင်းတွေကို ပြင်ဆင်ပြီးဖြစ်နေပါပြီ ကျွန်တော် တို့ ကားနဲ့ ဘဲ ဆေးရုံကို ပို့လိုက်တယ်။ ဒဏ်ရာရတဲ့သူက ၂ ဦးတော့ ရှိတယ်" ဟု ဦးအောင်ပိုင်စိုး ကပြောသည်။

အဆိုပါယာဉ်မှာ MPT (၇)မိုင်ရုံးမှ ကား ဖြစ်ပြီး ခမောင်းကြီးမှ အပြန် မလိဝမ်းကျေးရွာ အနီး လမ်းယာ ဘက်သို့ ထိုးကြတိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး သေဆုံးသူ ၂ ဦးအနက် အမျိုးသမီးမှာ ကိုယ်ဝန် ၇ လခန့်လွယ်ထားရသူဖြစ်ကြောင်း ကနဦးသိရသည်။