အောင်မြေသာစံမြို့နယ်တွင် ကျပ်သိန်း ၁၁၀ဝ ခန့်တန်ဖိုးရှိ စိတ်ကြွမူးယစ်ဆေးပြားရောင်းဝယ်သူ အပါဝင် ၃ ဦးကို သက်ဆိုင်ရာက အမှုဖွင့် အရေးယူခဲ့ကြောင်းသိရသည်။
ဇွန် ၁၉ ရက် မွန်းလွဲ ၁၂ နာရီခွဲ အချိန်ခန့်တွင် မန္တလေးမြောက်ပိုင်း မူးယစ်တပ်ဖွဲ့စု(၁၇)မှ ရဲအုပ် စိုင်းစံမြင့်နှင့် နယ်မြေခံရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များသည် မူးယစ်သတင်းရရှိ ထား သည့် အောင်မျိုးခန့်(ခ)ဖိုးသား ကို အောင်မြေသာစံမြို့နယ်၊ အနှိပ်တော်ရပ်ကွက်၊ ၆၂လမ်း၊ ၁၉လမ်းနှင့်လမ်း၂၀ကြားရှိ အအေးဆိုင်သို့ လာရောက်စဉ် MARK II အဖြူရောင်ယာဉ်နှင့်အတူ တွေ့ရှိသဖြင့် စစ်ဆေးခဲ့သည်။
၄င်းလွယ်ထားသည့် ဘေးလွယ်အိတ်အတွင်းမှ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား (၂၀ဝ)ပြားပါ (၁၁၀) ထုပ် စုစုပေါင်း (၂၂၀ဝ၀)ပြား၊ အလေးချိန်(၂၂)ကီလိုဂရမ်ခန့် စုစုပေါင်းတန်ဖိုး ကျပ်သိန်းပေါင်း ၁၁၀ဝ ခန့်နှင့် လက်ကိုင်ဖုန်း(၁)လုံးတို့အား ရှာဖွေတွေ့ရှိသဖြင့် စစ်မေးရာ အောင်မျိုးခန့်(ခ)ဖိုးသားမှ ၄င်း ကိုယ်တိုင်ပြန်လည်ရောင်းချရန် သယ်ဆောင်လာသောဆေးပြားများဖြစ်ကြောင်းစစ်မေးသိရသည်။
သက်ဆိုင်ရာက ၄င်းတည်းခိုးနေထိုင်သည့် ချမ်းအေးသာစံမြို့နယ်ရှိ ဟိုတယ်တစ်ခုသို့ ဝင်ရောက် ရှာဖွေစဉ် ကျော်မင်းသက်၊ မျိုးကိုကို တို့ကို မွန်းလွဲ ၁နာရီအချိန်တွင် ဖမ်းဆီးရမိခဲ့သည်။
ဟိုတယ်တွင်းဖမ်းဆီးရမိသူ ၂ ဦးထံမှမူးယစ်ဆေးဝါးတစ်စုံတစ်ရာမတွေ့ရှိသော်လည်း ကျော်မင်း သက် မှ ဟိုတယ်ကားပါကင်တွင် ရပ်ထားသော TOYOTA SUCCEED အမျိုးအစား အဖြူရောင် မော် တော်ယာဉ်မှာ ၄င်းတို့(၃)ဦး စီးနင်းအသုံးပြုသော မော်တော်ယာဉ်ဖြစ်ကြောင်း ထွက်ဆိုသဖြင့် သက် သေများရှေ့တွင် ရှာဖွေပုံစံဖြင့် ထပ်မံသိမ်းဆည်းသည်။
အောင်မြေသာစံအမှတ်(၁) နယ်မြေစခန်းမှ ပ (မယ)၄/၂၀၁၈ မျိုးစိတ်ပုဒ်မ ၁၉(က)/၂၁အရ အမှုဖွင့်အရေးယူထား သည်။

















