မရမ်းကုန်းနှင့်လှိုင်သာယာအထည်ချုပ်စက်ရုံဝင်းအတွင်းမှ စိတ်ကြွဆေးပြား သိန်း ၁၃၀ဝ ကျော်ဖိုး နှင့် တရားခံ ၇ ဦး ကွင်းဆက်ဖမ်းမိ

မရမ်းကုန်းနှင့်လှိုင်သာယာအထည်ချုပ်စက်ရုံဝင်းအတွင်းမှ စိတ်ကြွဆေးပြား သိန်း ၁၃၀ဝ ကျော်ဖိုး နှင့် တရားခံ ၇ ဦး ကွင်းဆက်ဖမ်းမိ

မရမ်းကုန်းနှင့်လှိုင်သာယာအထည်ချုပ်စက်ရုံဝင်းအတွင်းမှ စိတ်ကြွဆေးပြား သိန်း ၁၃၀ဝ ကျော်ဖိုး နှင့် တရားခံ ၇ ဦး ကွင်းဆက်ဖမ်းမိခဲ့ကြောင်း ဇွန် ၂၁ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ဇွန် ၂၀ ရက်နေ့ ည ၈ နာရီခွဲ အချိန်ခန့်တွင် မူးယစ်တပ်ဖွဲ့စု(၄၁)ရန်ကုန်(အရှေ့)မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မရမ်းကုန်းမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ မင်းဓမ္မလမ်း၊ Seoul Hotel(မြန်မာ) အရှေ့ ကားပါကင်တွင် မူးယစ်သတင်းရရှိထားသည့် Toyota Caldina မော်တော်ယာဉ်ကိုတွေ့ရှိ ရှာ ဖွေခဲ့သည်။

အဆိုပါယာဉ်ကို မင်းမင်းဖြိုး(ခ)မင်းမင်း(၄၁)နှစ် မောင်းနှင်ပြီး ခေါင်ရှင်ဖူး (၃၂)နှစ်၊ ၊ ကျောင်စီဆောင် (၃၄)နှစ်၊ လွမ်းဒေါင်(၄၂)နှစ် နှင့် ညီညီသိန်း(၃၆)နှစ် တို့လိုက်ပါလာသည့် တွေ့ရှိရသည်။ ယာဉ်ပေါ် တွေ့ရှိရသည့် ရှုံ့ကြိုးအိတ် အတွင်းမှ စိတ်ကြွရူး သွပ်ဆေးပြား ၃၇,၄၀၈ ပြားနှင့် လက်ကိုင်ဖုန်း ၆ လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။

၄င်းတို့ကို စစ်ဆေးပေါ်ပေါက်ချက်များအရ ဇွန် ၂၁ ရက်နေ့ နံနက် ၁၂ နာရီ ၁၅ အချိန် စိတ်ကြွရူး သွပ်ဆေးပြားများရောင်းချရငွေများကိုလက်ခံရယူရန်ရောက်ရှိလာသည့် စိုင်းကျော်ထွန်းဦး (ခ) ရန်တိုရှု(၃၄)နှစ်နှင့် ပလောင်(ခ)အိုရန် (၂၆)နှစ်တို့ကို မရမ်းကုန်းမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ မင်းဓမ္မလမ်းပေါ်တွင် Toyota Belta မော်တော်ယာဉ်တစ်စီး၊ လက်ကိုင်ဖုန်းတစ်လုံးနှင့်အတူ တွေ့ရှိဖမ်းဆီးခဲ့သည်။

စိုင်းကျော်ထွန်းဦး(ခ)ရန်တိုရှုနှင့် ပလောင်(ခ) အိုရန်တို့ ကိုစစ်ဆေးချက်များအရ ၄င်းတို့နေထိုင်သည့် လှိုင်သာယာမြို့နယ်၊ စက်မှုဇုံ(၂)၊ မက္ခရာမင်းသားကြီး မောင်ပျိုးလမ်း၊ အမှတ်(၁၈၆)၊ ကျင်ကျန် အထည်ချုပ်စက်ရုံဝင်း၊ အမျိုးသားဝန်ထမ်းအိပ်ဆောင်၊ အခန်းအမှတ်(၁၀၄)ကို ရှာဖွေရာ စိတ်ကြွရူး သွပ်ဆေးပြား ၁၇၃ ပြားကို ထပ်မံသိမ်းဆည်းရမိခဲ့ပြီး သက်ဆိုင်ရာရဲစခန်းများမှ ဥပဒေနှင့်အညီ အမှုဖွင့် အရေးယူခဲ့ပြီး ဆက်လက်စစ်ဆေးလျက်ရှိသည်။