လှော်ကားဥယျာဉ်အတွင်း လုံခြုံရေးဝန်ထမ်းတစ်ဦး ရေမြင်းကိုက်ခံရပြီး သေဆုံး

လှော်ကားဥယျာဉ်အတွင်း လုံခြုံရေးဝန်ထမ်းတစ်ဦး ရေမြင်းကိုက်ခံရပြီး သေဆုံး

လှော်ကားဥယျာဉ်အတွင်း လုံခြုံရေးဝန်ထမ်းတစ်ဦး ရေမြင်းကိုက်ခံရပြီး သေဆုံးခဲ့ကြောင်း ဇွန် ၂၁ ရက်နေ့ကထောက်ကြန့်ရဲစခန်းမှသိရသည်။

ဇွန် ၂၀ ရက်နေ့ ည ၇ နာရီအချိန်ခန့်တွင် ထောက်ကြန့်မြို့နယ် မြောက်ပိုင်းရပ်ကွက် လှော်ကား ဥယျာဉ်အတွင်း ရေမြင်းကန်အတွင်း လူတစ်ဦး ရေမြင်းကိုက်ခံရပြီး သေဆုံးကြောင်းသတင်းအရ ဒုရဲမှူး မြင့်လွင်နှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။

သေဆုံးသူမှာ ထောက်ကြန့်မြို့နယ် လှော်ကားဥယျာဉ်ဝန်ထမ်းလိုင်းခန်းနေ လုံခြုံရေးဝန်ထမ်းသီဟ (၄၈ နှစ်)ဖြစ်ပြီး ဝမ်းဗိုက် ပေါက်ပြဲ၊အူထွက်၊ ဝှေးစေ့ပေါက်ပြဲဒဏ်ရာရရှိသေဆုံးနေသည်ကို စစ်ဆေး တွေ့ရှိခဲ့သည်။

စုံစမ်းချက်အရ ညနေ ၅ နာရီအချိန်ခန့်တွင် ရေမြင်းကန်အတွင်းသို့ ဆင်းကာ ရေမြင်းကို လိုက်လံစနောက်ရာက ရေမြင်းကိုက်ခံရပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း အတူရှိနေခဲ့သည့် တူတော် စပ်သူ ကိုဖြိုးကျော်ခန့် ၏ ပြောပြချက်အရသိရသည်။

သက်ဆိုင်ရာက အလောင်းကို အင်းစိန်ဆေးရုံသို့ပိုအပ်ခဲ့ပြီး ထောက်ကြန့်နယ်မြေရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၉/၁၈)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိသည်။