Mobile-first data-driven marketing tech platform တစ်ခုဖြစ်သော AdsMy မှ Indochina region တွင် ရရှိလာသော operation တိုးတက်မှုနှင့်အတူ Simon Baily ကို CEO အဖြစ် ခန့်အပ်ခဲ့ပါသည်။
Bailey သည် Group M, Publicis တို့ အပါအဝင် APAC agency networks တွင်အတွေ့အကြုံရှိသူတစ်ဦးဖြစ်ပြီး ပိုမိုထိရောက်သော media planning and buying အတွက် mobile data ကို အဓိကအသုံးပြုပြီး Platform အတွေ့အကြုံ ရှိသူတစ်ဦးလည်းဖြစ်သည်။ Bailey သည် AdsMy ၏ စင်ကာပူနှင့် ရန်ကုန် ရုံးတွင် တည်ရှိမည် ဖြစ်သည်။
Bailey မှ ယခုလို ပြောကြားထားပါသည်။ “Data and mobile-focused လုပ်ငန်းတစ်ခုဖြစ်သော AdsMy တွင် လုပ်ကိုင်ခွင့်ရတာ ကြီးမားတဲ့ အခွင့်အရေးတစ်ခုပါ။ စိတ်လှုပ်ရှားဖွယ်ကောင်းသော category နှင့် territory အသစ်များမှာ လုပ်ကိုင်ရတဲ့အတွက် First-mover advantage လည်း ရနိုင်ပါတယ်။
လွန်ခဲ့သော တစ်နှစ်နှင့် နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် မြန်မာနိုင်ငံတွင် mobile phone မှတစ်ဆင့် internet အသုံးပြုသူ ၁၉ သန်းထိ ရှိလာခဲ့ပြီး မည်သည့်နိုင်ငံမှာမှ မတွေ့နိုင်တဲ့ consumer internet growth ပဲ ဖြစ်ပါတယ်။
Myanmar နိုင်ငံသည် APAC region တွင် Singapore ပြီးလျှင် ဒုတိယ mobile data speed အမြန်ဆုံးဖြစ်ပြီး စားသုံးသူများမှလည်း brand ကြော်ငြာများနှင့် actively engaged လုပ်သည့်အတွက် marketer များအတွက် ကြီးမားသောအခွင့်အရေးပင်ဖြစ်သည်။
AdsMy ရဲ့ ထူးခြားကောင်းမွန်တဲ့ နည်းပညာကလည်း ကျွန်တော် စိတ်ဝင်စားတဲ့ အကြောင်းအရာတစ်ခုပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ ၂၀၁၈ နှစ်ကုန်ပိုင်းမှာလည်း product အသစ်များကို မိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။’’
Simon သည် လက်ရှိ client များ ဖြစ်သော Unilever, Nestle တို့အပါအဝင် agency ကြီးများ နှင့် relationship ပိုမိုကောင်းမွန်လာစေရန် အဓိကတာဝန်ရှိပြီး AdsMy platform နှင့် eCommerce ချိတ်ဆက်ရန်နှင့် ပိုမိုကောင်းမွန်သော Video content များကိုလည်း အကောင်အထည်ဖော်သွားမည် ဖြစ်ပါသည်။ Programmatic Teach and mobile-first creative platform တစ်ခုဖြစ်သော AdsMy သည် မြန်မာနိုင်ငံတွင် ၂၀၁၆ တွင် စတင်ခဲ့ပြီး ယခုဆိုလျှင် ၁၈လ ရှိပြီဖြစ်သည်။
AdsMy Overview:
AdsMy သည် နိုင်ငံတကာ brand များမှ အသုံးပြုနေသော Mobile First Data Driven Marketing Platform တစ်ခုဖြစ်ပြီး အရောင်းမြှင့်တင်ရန်နှင့် Brand Recognition ပိုမိုကောင်းလာစေရန် Consumer အချက်အလက်များနှင့်တကွ နည်းပညာနှင့်အတူ အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပါသည်။

















