သာကေတမြို့နယ်တွင် ပိုးသတ်ဆေးသောက်၍ တိုက်ပေါ်မှခုန်ချကာသေကြောင်းကြံစည်သူကို သက်ဆိုင်ရာက ဇွန် ၂၁ ရက်နေ့တွင် အမှုဖွင့် အရေးယူထားကြောင်းသာကေတမြို့မရဲစခန်းက သိရသည်။
ဇွန်လ ၂၀ ရက်နေ့ နေ့လည် ၁၁ နာရီခွဲ အချိန်တွင် သာကေတမြို့နယ်၊ (၇/အရှေ့)ရပ်ကွက်၊ အောင်သ ပြေအရှေ့(၂)လမ်းတွင် အမျိုးသမီးတစ်ဦး တိုက်ပေါ်မှ ခုန်ချသေကြောင်းကြံစည်မှုဖြစ်ပွားကြောင်း သတင်းအရ သာကေတနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ က သက်သေများနှင့် အတူသွားရောက် စစ်ဆေးခဲ့သည်။
သေကြောင်းကြံစည်သူမှာ အမှတ်(၃၃/က)၊ (၄)လွှာ၊ အောင်သပြေ အရှေ့(၂) လမ်း၊ (၇/အရှေ့)ရပ်ကွက်နေအိမ်အကူလုပ်ကိုင်သူ ဘီးလင်း မြို့နယ်၊ တောင်စွန်းတိုက်နယ်၊ကော့ကဒွတ်ကျေးရွာနေ မဆွေဇင်ထွန်း(ခ)ဇင်မာထွေး(၁၇)နှစ်ဖြစ်ပြီး နေအိမ် တိုက်ခန်းအတွင်း HAPPY တံဆိပ်ပါ ပိုးသတ်ဆေးသောက်၍ အနောက်ဘက် မီးဖိုခန်းရှိ ဘေဇင်ရှေ့ပြတင်းပေါက်မှ ခုန်ချခဲ့ကြောင်း အိမ်ရှင်မခိုင်ဂျူးဇင် ၏ပြောပြချက်အရသိရသည်။
၄င်းတွင် နေအိမ်တွင်င့်ခါးနာကျင်ဒဏ်ရာရရှိကာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင်အတွင်း လူနာအဖြစ် တက်ရောက်ကုသလျက်ရှိသောကြောင့် မိမိကိုယ်ကို သတ်ရန်အားထုတ်သူ ကတနယ်ရြေးယူပေးရန်တင်ကြားခဲ့သည်။
















