မသင်္ကာဖွယ်တွေ့ရသူကို စစ်ဆေးခဲ့ရာက ပစ္စတို သေနတ်(၁) လက်နှင့်အတူ ဖမ်းမိ

မသင်္ကာဖွယ်တွေ့ရသူကို စစ်ဆေးခဲ့ရာက ပစ္စတို သေနတ်(၁) လက်နှင့်အတူ ဖမ်းမိ

တာချီလိတ်-ကျိုင်းတုံကားလမ်းပေါ်တွင် မသင်္ကာဖွယ်တွေ့ရသူကို စစ်ဆေးခဲ့ရာက ပစ္စတို သေနတ်(၁) လက်နှင့်အတူ သက်ဆိုင်ရာကဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဇွန်လ ၂၀ ရက်နေ့ ညနေ ၆ နာရီခွဲအချိန်ခန့်တွင် ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၊ ဟောင်လိတ်ရဲကင်း စခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နယ်မြေအတွင်း လှည့်ကင်း ဆောင်ရွက်စဉ် တာချီလိတ်-ကျိုင်းတုံကားလမ်း ဧဒင်ကျေးရွာအနီး၌ မသင်္ကာဖွယ်တွေ့ရှိသူ ဆန်ဆိုင်း (က)ရပ်ကွက်နေ စိုင်းလောင်(၂၉) နှစ်ကိုတွေ့ရှိစစ်ဆေးခဲ့သည်။

၎င်းလွယ်ထားသည့် သားရေအိတ် အတွင်းမှ USA ထုတ်၊ CAL .45 အမျိုးအစား ပစ္စတို ၁ လက်၊ ၎င်းကျည် ၁ တောင့်၊ ကျည်အိမ် ၁ ခုတို့အား ရှာဖွေတွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး အဆိုပါသေနတ်အား ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့သို့ အလည် အပတ်သွားရောက်စဉ် အမည်မသိ ထိုင်းအမျိုးသား(၁)ဦးထံမှ ထိုင်းဘတ်ငွေ ၁၂၀ဝ၀ ဖြင့် ဝယ်ယူ ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့်အရေးယူပေးရန် တိုင်ကြားခဲ့သည်။

တာချီလိတ်မြို့မရဲစခန်း(ပ)၂၀၂/၁၈၊ ရှမ်းလက်နက်ဥပေဒပုဒ်မ ၁၂(က) အရ အမှုဖွင့်အရေးယူထားသည်။