ရွှေလင်ဗန်းချောင်းအတွင်း မွေးကင်းစကလေးငယ် အလောင်းစွန့်ပစ်ခဲ့သည်ဆိုသူများကို သက်ဆိုင်ရာက အမှုဖွင့်စုံစလျက်ရှိကြောင်း လှိုင်သာယာမြို့မရဲစခန်းမှသိရသည်။
ဇွန် ၂၀ ရက်နေ့ ညနေ ၅ နာရီ အချိန်ခန့်တွင် လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းရွာ မြေတိုင်း(၂၃) တွင် ရွှေလင်ဗန်းတံတားအောက်ချောင်းအတွင်း မွေးကင်းစကလေးအလောင်းစွန့်ပစ်ထားကြောင်း သတင်း အရ လှိုင်သာယာမြို့မရဲစခန်းမှူး ဒုရဲမှူး ဝဏရှိန်နှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။
စုံစမ်းချက်အရ ရွှေလင်ဗန်း ချောင်းအတွင်းမျောပါလာ အနက်ရောင်ကြွပ်ကြွပ်အိတ်ကို ချောင်း ကမ်းစပ်တွင် နေထိုင်သူ အောင်ကိုဦးက တွေ့ရှိ ဆယ်ယူကြည့်ရှုခဲ့သည်။
အဆိုပါ အနက်ရောင်ကြွပ်ကြွပ်အိတ်အတွင်း အမှိုက်များနှင့် လျောထေးွလျက် ကလေးငယ် ကိုတွေ့ ရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အလောင်းကို လှိုင်သာယာဆေးရုံသို့ပို့အပ်ရာ ပီအာရ် ဝ၃ ဖြင့်လက်ခံထားပြီး အလောင်းစွန့်ပစ်သူကို အရေးယူပေးရန်တိုင်ကြားခဲ့သည်။ လှိုင်သာယာမြို့မရဲစခန်းက (ပ)၂၂၈၃/၁၈ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၁၈ အရ အမှုဖွင့် စစ်ဆေးလျက်ရှိသည်။

















