နားဍောင်းကျချောင်း အတွင်း လူသေအလောင်းတွေ့ရှိ

နားဍောင်းကျချောင်း အတွင်း လူသေအလောင်းတွေ့ရှိ

မန္တလေးတိုင်းဒေသကြီး ထုံးဘိုရွာ နားဍောင်းကျချောင်း အတွင်း လူသေအလောင်း ဇွန် ၂၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲ အချိန်ခန့်က တွေ့ရှိခဲ့ကြောင်း စေတနာမွန် လူမှုကူညီရေးအသင်း (အုန်းချော)မှတာဝန်ရှိသူတစ်ဦးကပြောသည်။

'' အဲနားမှာနေတဲ့သူတွေ ပြောပုံအရ ဒီလူက မနေ့ညနေကတည်းက တံတားပေါ်ကခုန်ချသွားတယ်။ အရက်မူးနေတယ်လို့ပြောတယ်။ သူခုန်ချသွားတော့ အဲ့နားကလူတွေလည်း ရှာကြသေးတယ်။ ရေကူးတက်မှန်းသိတော့ သူဟာသူကုန်းပေါ်ပြန်တက်သွားတယ်လို့ ထင်ကြတယ်။ ဒီမနက်မှ အလောင်းပေါ်မှ ကျွန်တော်တို့ကို အကူညီတောင်းလို့ သွားသယ်ပေးခဲ့ရတယ်။ သေတဲ့သူက အသက် ၄၀ ကျော်လောက်တော့ ရှိတယ် "ဟု စေတနာမွန် လူမှုကူညီရေးအသင်း (အုန်းချော)မှတာဝန်ရှိသူတစ်ဦးကပြောသည်။

သေဆုံးသူ၏ အလောင်းကို စေတနာမွန် လူမှုကူညီရေးအသင်း (အုန်းချော) အဖွဲ့မှ မန္တလေးဆေးရုံရင်ခွဲရုံသို့ပို့အပ်ခဲ့ပြီး အုန်းချောနယ်မြေရဲစခန်းက သေမှုသေခင်းဖွင့်လှစ်စစ်ဆေးလျက်ရှိ သည်။