ရွှေပြည်သာမြို့နယ်တွင် အရှိန်မထိန်းနိုင်ဘဲ ဆိုင်ကယ်တိမ်းမှောက်မှုဖြစ်ပွားကာ တစ်ဦးသေဆုံး တစ်ဦး ဒဏ်ရာ ရရှိမှု ဇွန် ၂၁ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း လှော်ကားနယ်မြေရဲစခန်းမှသိရသည်။
အဆိုပါနေ့ ည ၁၀ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် ရွှေပြည်သာမြို့နယ် အမှတ် ၄ လမ်းမအတိုင်း လှော်ကား ဘက်သို့ သာဓုကန်ကျေးရွာနေ ထွန်းကျော်အောင်(စီစစ်ဆဲ)မောင်းနှင်ပြီး ဘုံရှည်ကျေး ရွာနေ ချစ်ကောင်းမြတ် (၂၄ နှစ်) နောက်မှစီးနင်းလိုက်ပါလာစဉ် ဆိုင်ကယ်သည် နွားခြံ မှတ်တိုင် အနီးအရောက် အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်သို့ တိမ်းမှောက်ခဲ့သည်။
ထိုသို့ တိမ်းမှောက်စဉ် ဆိုင်ကယ်မောင်းနှင်သူ ထွန်းကျော်အောင်တွင် ဝဲနားထင်ဖူးယောင်၊ဝဲနွားသွေး ထွက်၊ နှာခေါင်းသွေးထွက်ဒဏ်ရာ၊ ချစ်ကောင်းမြတ် တွင် ဦးခေါင်းပေါက်ပြဲ၊ ပါးစပ်နှင့်နှာခေါင်း သွေးထွက်၊မျက်နှာဖူးရောင်ဒဏ်ရာများရရှိခဲ့ပြီး အင်းစိန်ဆေးရုံသို့တင်ပို့ခဲ့သည်။ ထိုသို့တင်ပို့စဉ် ထွန်းအောင်ကျော်မှာ သေဆုံးခဲ့ပြီး အလောင်းကို ဆေးရုံက ပီအာရ် ၃၀ ဖြင့်လက်ခံ ထား ပြီး လှော်ကားနယ်မြေရဲစခန်းကယာဉ်(ပ)၁၅/၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄ က/၃၃၈/၂၇၉ အရ အမှုဖွင့် စစ်ဆေးလျက်ရှိသည်။

















