အမေရိကန်နှင့် တရုတ်ကုန်သွယ်ရေးစစ်ပွဲက အိုင်ဖုန်းတပ်ဆင်ပေးသူအတွက် စိန်ခေါ်မှုကြီးဖြစ်လာ

အမေရိကန်နှင့် တရုတ်ကုန်သွယ်ရေးစစ်ပွဲက အိုင်ဖုန်းတပ်ဆင်ပေးသူအတွက် စိန်ခေါ်မှုကြီးဖြစ်လာ

ကမ္ဘာပေါ်တွင် အီလက်ထရွန်နစ်ပစ္စည်းများကို အကြီးမားဆုံး ကန်ထရိုက်ထုတ်လုပ်သူဖြစ်ပြီး အက်ပဲလ် အိုင်ဖုန်းများကိုလည်း အဓိကတပ်ဆင်ပေးသူဖြစ်သည့် ထိုင်ဝမ်(တရုတ် တိုင်ပေ)မှ Foxconn အတွက် အမေရိကန်တရုတ်ကုန်သွယ်ရေးစစ်ပွဲက အကြီးကျယ်ဆုံးစိန်ခေါ်မှု ဖြစ်လာသည်။

သမ္မတဒေါ်နယ်ထရမ့်က တရုတ်ထုတ်ကုန် ဒေါ်လာဘီလီယံ ၂၀ဝ ဘိုးအပေါ် အခွန် ၁၀ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံမည်ဟု နောက်ဆုံးခြိမ်းခြောက်ခဲ့သည်။ ယင်းကြောင့် တရုတ်တွင် စက်ရုံများတည်ပြီး ထုတ်ကုန်များကို အမေရိကန်နှင့် ကမ္ဘာကိုတင်ပို့နေသည့် Foxconn သည် စိန်ခေါ်မှုကိုရင်ဆိုင်ရန် အစီအစဉ်များ ကြိုတင်ရေးဆွဲနေရပြီ ဖြစ်သည်။

    အမေရိကန်မှ အက်ပဲလ်အတွက် အဓိကပစ္စည်းပေးသွင်းသူနှင့် အိုင်ဖုန်းများ တပ်ဆင်ပေးသူဖြစ်သည့် Foxconn သည် ယခင်က Hon Hai Precision Industry ဟု လူသိများခဲ့ပြီး အမေရိကန်တရုတ် ကုန်သွယ်ရေးအငြင်းပွားမှုကြောင့် ယခုရက်ပိုင်းအတွင်း ရှယ်ယာဈေးအနည်းငယ် ကျဆင်းခဲ့သည်။

    ၂၀၁၈ သည် ငွေကြေးဖောင်းပွမှုမရေရာမှုများ ထည့်သွင်းတွက်ချက်ထားရပြီး အတိုးနှုန်းများ မြင့်တက်ခြင်း၊ ဖွဲ့စည်းတည်ဆောက်ပုံ ညှိနှိုင်းမှုသက်ရောက်သည့် တရုတ်စီးပွားရေးအခြေအနေများကိုလည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း Foxconn ဥက္ကဌ တယ်ရီဂူးက ရှယ်ယာရှင်များ နှစ်ပတ်လည်ညီလာခံတွင် ပြောသည်။