တောင်ကိုရီးယား၏ သံမဏိသွင်းကုန်ခွန်ကောက်ခံမှု ဂျပန်က WTO ကို တိုင်ကြား

တောင်ကိုရီးယား၏ သံမဏိသွင်းကုန်ခွန်ကောက်ခံမှု ဂျပန်က WTO ကို တိုင်ကြား

ဂျပန်၏သံမဏိပို့ကုန်များကို ပိတ်ဆို့သောအားဖြင့် တောင်ကိုရီးယားက သွင်းကုန်ခွန် တိုးမြှင့်ကောက်ခံခဲ့သည်ဆိုကာ ဂျပန်နိုင်ငံက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အစည်း WTO ထံ တရားဝင် တိုင်ကြားလိုက်ပြီဖြစ်သည်။

တောင်ကိုရီးယားက ပြန်လည်သုံးသပ်မည့်ကိစ္စတွင် သံမဏိသွင်းကုန်ခွန်ကိစ္စ ပါဝင်သော်လည်း ၄င်းသည် WTO  စည်းမျဉ်းများကို လိုက်နာရန် အချိန်ဆွဲနေကြောင်းလည်း ဂျပန်က ပြောဆိုခဲ့သည်။

အငြင်းပွားမှုကို အကဲဖြတ်ပေးရန် WTO က စုံစမ်းရေးအဖွဲ့တစ်ဖွဲ့ ဖွဲ့ပေးရန် ပြောဆိုပြီးနောက် ယင်းတိုင်ကြားချက် တရားဝင်ထွက်ပေါ်လာခြင်းဖြစ်ကာ တောင်ကိုရီးယားသည် ရက်ပေါင်း ၆၀ အတွင်း တုံ့ပြန်ရမည်ဖြစ်သည်။