တောင်ကိုရီးယားထောက်လှမ်းရေးဌာနကို တည်ထောင်သူ ဝန်ကြီးချုပ်ဟောင်း ကင်ဂျုံ-ပေလ် ကွယ်လွန်

တောင်ကိုရီးယားထောက်လှမ်းရေးဌာနကို တည်ထောင်သူ ဝန်ကြီးချုပ်ဟောင်း ကင်ဂျုံ-ပေလ် ကွယ်လွန်

ဆိုးလ် ဇွန် ၂၃
တောင်ကိုရီးယားနိုင်ငံ၏ထောက်လှမ်းရေးဌာနကို တည်ထောင်ခဲ့သူဖြစ်သလို ဝန်ကြီးချုပ်အဖြစ်လည်း နှစ်ကြိမ်တိုင်တိုင်တာဝန်ထမ်းဆောင်ခဲ့သည့် ကင်ဂျုံ-ပေလ်သည် ဇွန် ၂၃ ရက်တွင် ကွယ်လွန်ခဲ့ပြီဖြစ်သည်။

ကွယ်လွန်ချိန်တွင် အသက် ၉၂ နှစ်ရှိပြီဖြစ်သည်။ ကင်သည် ဇွန် ၂၃ ရက်အစောပိုင်းတွင် ဆိုးလ်ရှိ ဆွန်ခွန်ဟွန်တက္ကသိုလ်ဆေးရုံသို့ရောက်ရှိချိန်တွင် သေဆုံးခဲ့ပြီဖြစ်သည်။ သက်ကြီးရောဂါဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဆေးရုံတာဝန်ရှိသူတစ်ဦးက ပြောဆိုခဲ့သည်။
    ကင်သည် အငြိမ်းစားဒုတိယဗိုလ်မှူးကြီးတစ်ဦးဖြစ်သည်။ ၁၉၆၁ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် အာဏာသိမ်းမှုတွင် အဓိကနေရာမှပါဝင်ခဲ့သည်။ ယင်းအာဏာသိမ်းမှုပြီးနောက်တွင် ဗိုလ်ချုပ်ပါ့ခ်ချွန်ဟီးလ်သည် အာဏာရရှိခဲ့ပြီး လုပ်ကြံခံရချိန် ၁၉၇၉ ခုနှစ်အထိ အုပ်ချုပ်ခဲ့သည်။ ပါ့ခ် အာဏာသိမ်းပြီးနောက်တွင် ကင်သည် ကိုရီးယားဗဟိုထောက်လှမ်းရေးဌာန( ကေစီအိုင်အေ) ကို တည်ထောင်ခဲ့သည်။ ကေစီအိုင်အေသည် ယခုရှိနေသည့် အမျိုးသားထောက်လှမ်းရေးဌာန၏ရှေ့ပြေးဌာနဖြစ်သည်။ ယင်းနောက် ကင်သည် ၁၉၇၁ မှ ၁၉၇၅ ခုနှစ်အထိ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
    ကင်ဒေးဂျုံသည် တောင်ကိုရီးယား၌ ဒီမိုကရေစီစနစ်ကျင့်သုံးနိုင်ရေးလုပ်ဆောင်ရန် ဂျပန်အခြေစိုက် တောင်ကိုရီးယားအဖွဲ့ကိုတည်ထောင်ရန် စီစဉ်နေချိန် ၁၉၇၃ ခုနှစ်တွင် ကေစီအိုင်အေသည် ကင်ဒေးဂျုံကို ပြန်ပေးဆွဲခဲ့ကြောင်း တောင်ကိုရီးယားအစိုးရ၏ ၂၀ဝ၇ ခုနှစ်တွင် စစ်ဆေးတွေ့ရှိမှုတွင်ဖော်ပြထားသည်။ ၁၉၇၃ ခုနှစ် ပြန်ပေးဆွဲမှုကို ကင်ဂျုံပေလ်က ညွှန်ကြားခဲ့ခြင်းမဟုတ်ချေ။ ၂၅ နှစ်အကြာတွင် ကင်သည် ကင်ဒေးဂျုံနှင့်ပူးပေါင်းပြီး ၁၉၉၇ ခုနှစ်တွင် ကင်ဒေးဂျုံ အနိုင်ရရှိအောင် ကူညီခဲ့သည်။ ယင်းနောက် အာဏာခွဲဝေရေးသဘောတူညီမှုအရ ၁၉၈၈ မှ ၂၀ဝ၀ ပြည့်နှစ်အထိ ကင်သည် ကင်ဒေးဂျုံအစိုးရအဖွဲ့တွင် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
    ၁၉၇၉ ခုနှစ် အောက်တိုဘာတွင် ပါ့ခ်ချွန်ဟီးအား ထောက်လှမ်းရေးအကြီးအကဲက သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခဲ့ပြီးနောက် ဗိုလ်ချုပ်ချန်ဒူးဟွန်ဦးဆောင်သော စစ်တပ်က အာဏာသိမ်းခဲ့သည်။ ချန်ဒူးဟွန်၏အစိုးရသည် ကင်အား အကျင့်ပျက်ခြစားမှုဖြင့်စွပ်စွဲပြီး ဒေါ်လာသန်းပေါင်းများစွာတန်ဖိုးရှိသည့် ပိ်ုင်ဆိုင်မှုများကိုသိမ်းယူခဲ့သည်။ ပါ့ခ်သည် အမေရိကန်ပြည်ထောင်စုသို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။
    နိုင်ငံတစ်ဝန်းဆန္ဒပြမှုများကြောင့် ချန်သည် ၁၉၈၇ ခုနှစ်တွင် သမ္မတရွေးကောက်ပွဲကို ကျင်းပခွင့်ပေးပြီးနောက် ကင်သည် တောင်ကိုရီးယားသို့ပြန်လာခဲ့သည်။ ကင်သည် ကွန်ဆာဗေးတစ်ပါတီကိုတည်ထောင်ကာ ၁၉၈၇ ခုနှစ် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့သည်။ သက်တော်ရှည် နံပါတ် ၂ ပုဂ္ဂိုလ်အဖြစ် အမည်ရခဲ့သည့် ကင်သည် အမျိုးသားလွှတ်တော်အမတ်အဖြစ် ကိုးကြိမ်တိုင်တိုင်တာဝန်ထမ်းဆောင်ခဲ့သည်။ ကင်သည် ၂၀ဝ၄ ခုနှစ်တွင် နိုင်ငံရေးနယ်ပယ်မှ နုတ်ထွက်ခဲ့သည်။