တရားမဝင် ဝင်ရောက်လာသည့် မွတ်စလင်(၁၁)ဦးနှင့် လမ်းပြခေါ်လာသူ (၄)ဦးကို ကံမမြို့နယ်၌ ဖမ်းမိ

တရားမဝင် ဝင်ရောက်လာသည့် မွတ်စလင်(၁၁)ဦးနှင့် လမ်းပြခေါ်လာသူ (၄)ဦးကို ကံမမြို့နယ်၌ ဖမ်းမိ

ကံမမြို့နယ်တွင် တရားမဝင် ဝင်ရောက်လာသူ မွတ်စလင် ၁၁ ဦးနှင့် လမ်းပြခေါ်ဆောင်လာသူ ၄ ဦးတို့ကို အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း ရဲတပ်ဖွဲ့မှ ဇွန် ၂၂ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

ဇွန် ၂၁ ရက်ညနေ ၅ နာရီ မိနစ် ၃၀ အချိန်ခန့်တွင် ကံမမြို့နယ်၊ မီးပေါက်ကျေးရွာအနီးရှိ တောထဲ၌ မသင်္ကာဖွယ်တွေ့ရသူများကို ကြို့ပင်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးခဲ့သည်။
 ပေါက်တောမြို့နယ်၊ ဗာဝမ်းကျေးရွာနေ အေးသွင်(ခ)မိုဂျူယာတာမွတ်(၁၇)နှစ် ပါ မွတ်စလင် ၁၁ ဦး(ကျား ၉၊ မ ၂) နှင့် ၄င်းတို့ ကို လမ်းပြ ခေါ်ဆောင်လာသူပေါက်တောမြို့နယ်၊ သဝဏ်ချောင်း ကျေးရွာနေ ဝင်းဝင်းမောင် (၃၆)နှစ်ပါ ကျား(၄)ဦးကိုဖမ်းဆီး ရမိခဲ့သည်။
 စစ်ဆေးချက်အရ ဇွန် ၂ ရက် ည ၁၀ နာရီ အချိန်ခန့်တွင် စစ်တွေမြို့မှ စက်လှေဖြင့် ထွက်ခွာခဲ့ပြီးနောက် ဇွန် ၅ ရက် ည ၁၀ အချိန်တွင် တောင်ကုတ်မြို့နယ်မှ တစ်ဆင့် ရခိုင်ရိုးမ တောလမ်းအတိုင်း တောင်မှမြောက်သို့ ခြေလျင်ခရီးဖြင့် ဆက်လက်ထွက်ခွာခဲ့ရာ မီးပေါက်ကျေးရွာ အနီးသို့ ရောက်ရှိစဉ်သက်ဆိုင်ရာ၏ ဖမ်းဆီးခြင်းကိုခံရကြောင်း ထွက်ဆိုခဲ့သည်။
ခိုးဝင်မွတ်စလင် ၁၁ ဦးကိုု မြို့နယ်လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဦးစီးမှူး ဦးအေးသွင် ဦးစီးအဖွဲ့နှင့် သက်ဆိုင်ရာက စစ်ဆေးလျက်ရှိကြောင်း သိရသည်။