ကျပ်တစ်သောင်းနှင့် ငါးထောင်တန် ငွေစက္ကူအတု ထုတ်လုပ်ဖြန့်ဖြူးသူများကို ဖမ်းမိ

ကျပ်တစ်သောင်းနှင့် ငါးထောင်တန် ငွေစက္ကူအတု ထုတ်လုပ်ဖြန့်ဖြူးသူများကို ဖမ်းမိ

ပုသိမ်မြို့တွင် ငွေစက္ကူအတုဖြန်ဖြူးရောင်းချသူများကို သက်ဆိုင်ရာက သတင်းအရ ဖမ်းဆီးရမိခဲ့သည်။

ဇွန် ၂၂ ရက် ညပိုင်းအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ငွေစက္ကူအတုများ ထုတ်လုပ်ရောင်းချမည်ဆိုသောသတင်းအရ ပုသိမ် အမှတ်(၈)ရပ်ကွက် ဘီတီစားသောက်ဆိုင်သို့ ငွေစက္ကူအတုများ လာရောက်လဲလှယ်ရန် သက်ဆိုင်ရာက အသွင်ယူ ချိန်းဆိုခဲ့သည်။
အဆိုပါ စားသောက်ဆိုင်သို့ငွေတု လဲလှယ်ရန်ရောက်ရှိလာသည့် ပုသိမ်မြို့နေ ညီညီအောင် နှင့်အောင်နိုင်ဝင်းတို့ကို
ပုသိမ်နယ်မြေရဲစခန်းမှ ဒုရဲအုပ်ကျော်စိုးအောင်နှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များက
စစ်ဆေးခဲ့သည်။
ထိုသို့ စစ်ဆေးစဉ် အောင်နိုင်ဝင်း၏ခါးကြားတွင်းမှ ငါးထောင်တန်ငွေစက္ကူအတု ၉၉ ရွက်၊ တစ်သောင်းတန်ငွေစက္ကူ ၁၂ ရွက်တို့ကို သိမ်ဆည်းရမိခဲ့သည်။
၎င်းတို့ နှစ်ဦးကို ပုသိမ်နယ်မြေစခန်းသို့ ခေါ်ဆောင်ပြီး ပုသိမ်မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ပုသိမ်ခရိုင် မူခင်းနှိမ်နှင်းရေးအဖွဲ့နှင့် CID တို့ ပူးပေါင်းစစ်ဆေးရာ ယင်း ငွေစက္ကူအတုများကို ပုသိမ်မြို့ အမှတ်(၁)ရပ်ကွက် စဥ့်အိုးဖိုရပ်နေ သန့်ဇော်ကိုနှင့် မနန့်စန်းစန်းဖောင်တို့လင်မယားထံမှရရှိကြောင်း ပေါ်ပေါက်ခဲ့သဖြင့် အဆိုပါ နေအိမ် ကို ဝင်ရောက်ရှာဖွေခဲ့သည်။
၎င်းနေအိမ်တွငး်မှငွေစက္ကူအတုပြုလုပ်ရာတွင် အသုံးပြုသောပစ္စည်း ၁၄ မျိုးနှင့် တစ်သောင်းတန်အတု ၁ ရွက် နှင့် ငါးထောင်တန်အတု ၁၆ ရွက်အား ဆက်လက်ဖမ်းဆီးရမိခဲ့သောကြောင့် ၎င်းတို့ကိုအရေးယူပေးရန်တိုင်ကြားခဲ့သည်။
 ပုသိမ်နယ်မြေရဲစခန်းမှ (ပ) ၂၀၅/၁၈ ၂၀၁၃ ခုနှစ် မြန်မာနိင်ငံတော် ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/၁၀၆ အရ အမှုဖွင့်ဆောင်ရွက်လျက်ရှိသည်။