ယာဉ်တစ်စီး ဓာတ်တိုင်ကို ဝင်တိုက်သဖြင့် လူတစ်ဦးခြေထောက်ညပ်ခဲ့ရာ မီးသတ်တပ်ဖွဲ့က ကယ်ဆယ်ပေးခဲ့ရ

ယာဉ်တစ်စီး ဓာတ်တိုင်ကို ဝင်တိုက်သဖြင့် လူတစ်ဦးခြေထောက်ညပ်ခဲ့ရာ မီးသတ်တပ်ဖွဲ့က ကယ်ဆယ်ပေးခဲ့ရ

ယာဉ်တစ်စီး ဓာတ်တိုင်ကို ဝင်တိုက်သဖြင့် လူတစ်ဦးခြေထောက်ညပ်ခဲ့ရာ မီးသတ်တပ်ဖွဲ့က ကူညီပေးခဲ့ရကြောင်း သိရသည်။

ဇွန်၂၃ ရက် နံနက် ၁၁ နာရီအချိန်ခန့်တွင်  လှိုင်သာယာမြို့နယ် ရန်ကုန်-ညောင်တုန်း လမ်မကြီးအတိုင်းအောင်ဇေယျတံတားဘက်သို့မောင်းနှင်လာသည့်      YBS- ၇၉  ယာဉ်သည်စနေမ မှတ်တိုင်အနီး အရောက် လမ်းဘေးဓာတ်တိုင်ကို ဝင်ရောက်တိုက်မိခဲ့သည်။ 
ထိုသို့ တိုက်မိစဉ် လမ်းဘေး ရပ်နေသူ အမျိုးသားတစ်ဦးကို ဆက်လက်တိုက်မိခဲ့ပြီး အောက်ခြေပြတ်ခဲ့သည့် ဓာတ်တိုင်ကြားသို့ယင်းအမျိုးသား၏ခြေထောက်ညပ် သွားခဲ့ခြင်းဖြစ်သည်။ 
အဆိုပါ ခြေထောက်ညပ်နေသူ ကို မီးသတ်တပ်ဖွဲ့နှင့်လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များက ဝိုင်းဝန်းကယ်ထုတ်ခဲ့ပြီး ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း မီးသတ်တပ်ဖွဲ့မှ သိရသည်။

 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး