တာဝန်ထမ်းဆောင်စဉ် မီးဖွားခဲ့သည့် နယူးဇီလန်ဝန်ကြီးချုပ်

တာဝန်ထမ်းဆောင်စဉ် မီးဖွားခဲ့သည့် နယူးဇီလန်ဝန်ကြီးချုပ်

နိုင်ငံ့ခေါင်းဆောင်တာဝန်ထမ်းဆောင်စဉ် ကလေးမီးဖွားခဲ့၍ ကမ္ဘာကစိတ်ဝင်စားခဲ့သည့် နယူးဇီလန်ဝန်ကြီးချုပ် ဂျာစင်ဒါအာဒန်သည် ခင်ပွန်း ကလာ့ခ်ဂေးဖို့ဒ်နှင့်အတူ မွေးဖွားခဲ့သည့်သမီးငယ်ကို နီဗီဟု အမည်မှည့်ခေါ်ပြီးနောက် ဆေးရုံမှဆင်းခဲ့သည်။ နီဗီသည် တောက်ပရွှန်းစိုမှုနှင့် နှင်းဟုအဓိပ္ပါယ်ရသည်။

ဇွန် ၂၁ ရက်က မီးဖွားခဲ့သည့် ၃၇ နှစ်ရွယ် အာဒန်သည် ဆေးရုံမှဆင်းကာ အိမ်ပြန်၍ သီတင်းခြောက်ပတ်ကြာ မီးဖွားခွင့်ခံစားပြီးနောက် ဝန်ကြီးချုပ်တာဝန် ပြန်လည်ထမ်းဆောင်မည်ဖြစ်သည်။ ဒုတိယဝန်ကြီးချုပ် ဝင်စတန်ပီတာက လတ်တလောဝန်ကြီးချုပ်တာဝန်ယူမည်ဖြစ်သည်။
    အာဒန်သည် ရွေးကောက်ခံရပြီး နိုင်ငံခေါင်းဆောင်တာဝန်ယူစဉ် ကလေးမီးဖွားသည့် ဒုတိယမြောက်ခေါင်းဆောင် ဖြစ်သည်။ အာဒန်ထက်အရင် တာဝန်ထမ်းဆောင်စဉ် ကလေးမီးဖွားခဲ့သည့့်ခေါင်းဆောင်မှာ ပါကစ္စတန်ဝန်ကြီးချုပ် ဘန်နာဇီယာဘူတိုဖြစ်ပြီး ၁၉၉၀ ခုနှစ်က မွေးဖွားခဲ့ခြင်းဖြစ်သည်။