အမေရိကန်တွင် သေနတ်ပစ်ခတ်သောင်းကျန်းနေသူတစ်ဦးကို ရဲများကအသေပစ်ဖမ်း
အမေရိကန်နိုင်ငံ၊ မင်နာပိုလိစ်တွင် လူတစ်ဦးက ပစ္စတိုသေနတ်ဖြင့်ပစ်ခတ်ရမ်းကားနေသည်ကို ရဲအရာရှိများက ပစ်ခတ်ဖမ်းဆီးရာမှ ၄င်းရမ်းကားသူ သေဆုံးခဲ့ကြောင်း မင်နာပိုလိစ်ရဲဌာန ဖေ့စ်ဘွတ်စာမျက်နှာက ထုတ်ပြန်ခဲ့သည်။
မင်နာပိုလိစ်မြောက်ပိုင်းတွင် ဇွန် ၂၃ ရက်ညနေပိုင်းက ဖြစ်ပွားခဲ့သည့်ဖြစ်ရပ်တွင် ပစ္စတိုကိုင်ထားသူတစ်ဦးက ဝေဟင်နှင့်မြေပြင်ကို ပစ်ခတ်ရမ်းကားနေကြောင်း အရေးပေါ်သတင်းပို့ချက်အရ ရဲများက သွားရောက်တားဆီးခဲ့ရသည်ဟု ဆိုသည်။ ယင်းနောက် ကိုယ်ပေါ်တွင် မှတ်တမ်းဗွီဒီယိုကင်မရာတပ်ဆင်ထားသည့် ရဲများက သေနတ်သမားကို ပစ်ခတ်ဖမ်းဆီးရာမှ ၄င်းသေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
















