ကိုရီးယားစစ်ပွဲအတွင်းမှ ရုပ်ကြွင်းများပြန်သယ်ရန် အမေရိကန်က အခေါင်း ၁၀ဝ ပို့ဆောင်ထား

ကိုရီးယားစစ်ပွဲအတွင်းမှ ရုပ်ကြွင်းများပြန်သယ်ရန် အမေရိကန်က အခေါင်း ၁၀ဝ ပို့ဆောင်ထား

သမ္မတထရမ့်နှင့် ဥက္ကဌကင်ဂျုံအွန် ထိပ်သီးတွေ့ဆုံပွဲရလဒ်တစ်ခုဖြစ်သည့် ၁၉၅၀- ၅၃ ကိုရီးယားစစ်ပွဲအတွင်း ပျောက်ဆုံးခဲ့သည့် အမေရိကန်စစ်သည်တို့၏ရုပ်ကြွင်းများ ပြန်လည်ရယူရန် အမေရိကန်က သစ်သားခေါင်းတလား ၁၀ဝ ကို ကိုရီးယားနှစ်နိုင်ငံနယ်စပ်သို့ ပို့ဆောင်ထားခဲ့ပြီဖြစ်သည်။

ယခင်ကလည်း သဘောတူညီချက်အရ ၁၉၉၆ မှ ၂၀ဝ၅ အတွင်း အမေရိကန်နှင့်မြောက်ကိုရီးယား ရှာဖွေရေးအဖွဲ့များက ရှာဖွေမှုများပြုလုပ်ခဲ့၍ ရုပ်ကြွင်း ၂၂၉ စုံ တွေ့ရှိခဲ့ပြီးဖြစ်သည်။ သို့သော် ဆက်ဆံရေးယိုယွင်းလာမှုကြောင့် ယင်းရုပ်ကြွင်းများ အမေရိကန်ထံ လွွှဲပြောင်းခဲ့ခြင်းမရှိဘဲ ယခုအခါ တောင်ကိုရီးယားရှိ ကုလသမဂ္ဂတပ်ဖွဲ့များထံ လွွှဲပြောင်းပေးအပ်ရန် အမေရိကန်တို့က မျှော်လင့်ခဲ့ကြသည်။
    ကိုရီးယားစစ်ပွဲအတွင်း ပျောက်ဆုံးစာရင်းဝင်သူများအပါအဝင် အမေရိကန်စစ်သည် ၃၆၀ဝ၀ ကျဆုံးခဲ့သည်။ အင်အား ၇၇၀ဝ ခန့်လည်း စာရင်းမဝင်သေးဘဲရှိပြီး ယင်းအနက် ၅၃၀ဝ ခန့်သည် မြောက်ကိုရီးယားတွင် ပျောက်ဆုံးခဲ့ခြင်းဟု ဆိုသည်။
    ၂၀ဝ၇ ခုနှစ်တွင် ကုလသမဂ္ဂသံတမန်ဟောင်းနှင့် နယူးမက္ကဆီကိုမြို့တော်ဝန် ဘီလ်ရစ်ချတ်ဆန် မြောက်ကိုရီးယားသို့ ရောက်ရှိခဲ့စဉ်က အမေရိကန်စစ်သည်ရုပ်ကြွင်း ၆ စုံ ပြန်လည်လွွှဲပြောင်းလက်ခံ ရရှိ်ခဲ့ဖူးသည်။