ရွှေဆွဲကြိုးလုယက်မှု(၆)မှုကျူးလွန်သူကို သက်ဆိုင်ရာက ဖမ်းမိ

ရွှေဆွဲကြိုးလုယက်မှု(၆)မှုကျူးလွန်သူကို သက်ဆိုင်ရာက ဖမ်းမိ

လုယက်မှုများကျုးလွန်ထားကြောင်း သတင်းအရ မသင်္ကာသူတစ်ဦးကို တိုင်းဒေသကြီး မှုခင်း ဖော်ထုတ်ရေးတပ်ဖွဲ့ဝင်များ က ဖမ်းဆီးစစ်ဆေးခဲ့ရာ မြို့နယ်များအတွင်း ရွှေဆွဲကြိုးလုယက်မှု ၆ မှု ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။ 

ထို့ကြောင့် တိမ်းရှောင်နေသူကို စစ်ဆေးနိုင်ရန် စုံစမ်းလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲ တပ်ဖွဲ့က ဇွန်၂၄ ရက်တွင် သတင်းထုတ် ပြန်ထားသည်။ 
လှိုင်သာယာမြို့နယ်(၁၆)ရပ်ကွက်နေ မြင့်လွင်(ခ) ပိုးကောင်(၂၁) နှစ်မှာ လုယက်မှုများကျုးလွန်ထားကြောင်း သတင်းအရ သက်ဆိုင်ရာက ဖမ်းဆီးစစ်ဆေးခဲ့သည်။ ၎င်းကို စစ်ဆေးချက်အရ ၎င်းသည် ရှိုင်းထက်အောင်(ခ) အသေးလေး၊ မျိုးကိုတို့ နှင့်အတူ ဆိုင်ကယ်အား(၃) ယောက်စီးနင်း၍ ယခုနှစ်၊ ဧပြီနှင့် မေလအတွင်း လှိုင်မြို့နယ်၊ဘုရင့်နောင် လမ်းမပေါ်တွင် စက်ဘီးစီးနင်းလာသည့် အမျိ်ုးသမီးထံမှ ရွှေဆွဲကြိုး(၁)ကုံး၊ ဘုရင့်နောင်အမှတ်(၂)တံတားထိပ်တွင် လမ်းဖြတ် ကူးနေသည့် အမျိုးသမီးထံမှရွှေဆွဲကြိုး(၁)ကုံး၊ အင်းစိန်မြို့နယ်အတွင်း ကြို့ကုန်းအနောက် ရပ်ကွက်၊ ဘူတာဘေးတွင်ထိုင်နေသည့် အမျိုးသမီးထံမှ ရွှေဆွဲကြိုး(၁)ကုံး၊ မြို့သစ် (က+ခ)ရပ်ကွက်၊ (ခ/၅) လမ်းတွင် လမ်းလျှောက်နေသည့် အမျိုးသမီးထံမှ ရွှေဆွဲကြိုး(၁)ကုံး၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်(၄)၊ မင်းကြီး မဟာမင်းခေါင်လမ်းပေါ် လမ်းလျှောက်လာသည့် အမျိုးသမီးထံမှ ရွှေဆွဲကြိုး(၁)ကုံး၊ မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်ခုံးကျော်တံတားအောက် လမ်းလျှောက်လာသည့် အမျိုးသမီးထံမှ ရွှေဆွဲကြိုး(၁)ကုံးတို့ကို လုယူခဲ့ပြီးရောင်းချခဲ့ ကြောင်း ပေါ်ပေါက်ခဲ့သည်။ စစ်ဆေးပေါ်ပေါက်ချက်အရ သက်ဆိုင်ရာက လုယူခဲ့သည့် သက်သေခံပစ္စည်းများကို သိမ်းဆည်းနိုင်ခဲ့ပြီး မြင့်လွင်(ခ)ပိုးကောင်ကို သက်ဆိုင်ရာရဲစခန်းများတွင် အသီးသီးအမှုဖွင့်ခဲ့သည်။ 
သက်ဆိုင်ရာက ထွက်ပြေးတိမ်းရှောင်နေသူ ရှိုင်းထက်အောင်(ခ)အသေးလေးနှင့် မျိုးကို တို့ကို စစ်ဆေးနိုင်ရန် ဆက်လက်စုံစမ်းလျက်ရှိသည်။