အဆောင်နှင့် နေအိမ်များမှ လက်ကိုင်ဖုန်းများ ခိုးယူခဲ့သူ ၂ ဦးကို ဖမ်းဆီးစစ်ဆေးရာမှ ခိုးမှု(၁၄)မှု ပေါ်ပေါက်

အဆောင်နှင့် နေအိမ်များမှ လက်ကိုင်ဖုန်းများ ခိုးယူခဲ့သူ ၂ ဦးကို ဖမ်းဆီးစစ်ဆေးရာမှ ခိုးမှု(၁၄)မှု ပေါ်ပေါက်

အဆောင်နှင့်နေအိမ်များမှ လက်ကိုင်ဖုန်းခိုးယူမှုများကျူးလွန်နေသူ ၂ ဦးကို မြောက်ပိုင်း ခရိုင်ရဲတပ်ဖွဲ့ မှုခင်းနှိမ်နင်းရေး ဌာစုတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးခဲ့ရာ လက်ကိုင်ဖုန်း ခိုးယူမှု ၁၄ မှု ပေါ်ပေါက်ခဲ့ ကြောင်း ဇွန် ၂၄ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ 

ဇွန် ၁၈ ရက်တွင် လှိုင်သာယာမြို့နယ်၊ အမှတ်(၇)ရပ်ကွက်နေ မင်းသိန်းဆန်း(ခ) မင်းမင်း(၂၂) နှစ်နှင့် အမှတ်(၉)ရပ်ကွက်နေ အာကာကျော်(၁၉)နှစ်တို့ ၂ ဦးမှာ လက်ကိုင်ဖုန်း လုယက်မှုများ ကျူးလွန်ထားကြောင်းသတင်းအရ မြောက်ပိုင်းခရိုင်မှုခင်းနှိမ်နင်းရေးအဖွဲ့က ဖမ်းဆီးစစ်ဆေးခဲ့သည်။ 
၎င်းတို့ ၂ ဦးကို စစ်ဆေးချက်များအရ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ သြဂုတ်၊နိုဝင်ဘာနှင့်ဒီဇင်ဘာ လ အတွင်းက လှိုင်သာယာမြို့နယ်အတွင်းရှိ နေအိမ်နှင့်အဆောင်များမှ လက်ကိုင်ဖုန်းမျိုးစုံ (၁၄)လုံးကို ခိုးယူရောင်းချခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။ 
သက်ဆိုင်ရာက ၄င်းတို့ ခိုးယူခဲ့သည့် လက်ကိုင်ဖုန်းများကို ရောင်းချထားသည့် နေရာများမှ သိမ်းဆည်းခဲ့ပြီး ဆက်လက်အရေးယူဆောင်ရွက်ထားသည်။