၂ဝ၁၇ ခုနှစ် အတွင်းက ဖမ်းဆီးရမိခဲ့ပြီး တရားရုံးပြီးပြတ်အမိန့်ချပြီးဖြစ်သည့် မူးယစ်ဆေးဝါးမျိုးစုံ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၉ ဒသမ ၇ဝ သန်းကျော်ဖိုးကို ဇွန် ၂၆ ရက် နံနက်ပိုင်းတွင် နိုင်ငံတော် အဆင့်မီးရှို့ဖျက်ဆီးခဲ့သည်။
နှစ်စဉ် ဇွန်၂၆ ရက်တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး တရားမဝင်ရောင်းဝယ် တိုက်ဖျက်ရေးနေ့အခမ်းအနားတွင် အဆိုပါမူးယစ်ဆေးဝါးများကို နိုင်ငံတော်အဆင့် မီးရှို့ခဲ့ခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှုးချုပ်သူရဝင်းနိုင်ကပြောသည်။
၂ဝ၁၇ခုနှစ်အတွင်း သိမ်းဆည်းရမိခဲ့ပြီးယနေ့ (၃၁) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး တရားမဝင်ရောင်းဝယ် တိုက်ဖျက်ရေးနေ့အခမ်းအနားတွင် မီးရှို့ဖျက်ဆီးခဲ့သည့် မူးယစ်ဆေးဝါး စာရင်းများအရ ဘိန်း သုညဒသမ ၂၁၈ ကီလို ဘိန်းဖြူ ၃ ဒသမ ၉၅ ကီလို၊ စိတ်ကြွဆေးပြား ၂၇၆၉ ဒသမ ၈၆ ကီလို ( ၂၇၆၉၈၆၄၅) ပြား၊ စိတ်ကြွဆေးအကြေမှုန့် ၁ဒသမ ၆၇၅ ကီလို၊ စိတ်ကြွဆေးရည် သုည ဒသမ ဝ၃၅ လီတာ၊ အိုက်စ် ၃၀၅ ဒသမ ၆၄ ကီလို ၊ ဆေးခြောက် ၆၀ ဒသမ ဝ၂၂ ကီလို၊ ဘိန်းဆီခဲ သုည ဒသမ ဝ၁၂ ကီလို၊ ဘိန်းစာရွက် ၁၄ ဒသမ ၃၈ ကီလို၊ ဘိန်းစာမှုန့် ၁၂၉၆ ဒသမ ၉၁ ကီလို၊ ဘိန်းစာပင် ၄ ပင်၊ ဘိန်းစာရည် ၁ ဒသမ ၅၀၈ လီတာ ၊ ဘိန်းဖြူရည် သုည ဒသမ ဝ၀၈၅ လီတာ ၊ချောင်းဆိုးပျောက်ဆေးရည် သုည ဒသမ ဝ၁၅ လီတာ ၊ အက်တစီ ဆေးပြား ၃၇ ဒသမ ၅ ပြား ၊ အက်တစီဆေးအကြေ သုည ဒသမ ဝ၀ဝ၂၅ ကီလို၊ ဗျူပရီနော်ဖင်း ဆေးပြား ၁၆ ပြား၊ ဗျုပရီနော်ဖင်း ထိုးဆေး ၇၃၀ ပုလင်း၊ ဒိုင်ယာဆီပင်ထိုးဆေး ၆၉ ပုလင်း၊ အယ်ပရာဇိုလမ်းဆေး ၂၀ဝ၀၁၆ ပြား ၊ ထရာမေါလ်ဆေးတောင့် ၉၁ တောင့်၊ ထရာမဒေါလ်ထိုးဆေး ၃၉၉၉ ပုလင်း ၊BPO/CR/FOP ဆေးပြား ၆၀ ပြား၊ ဘုံရှည် သုည ဒသမ ဝ၁၅ လီတာ၊ ဆေးရှုရည် သုည ဒသမ ဝ၀၄ လီတာစုစုပေါင်းကျပ် ၈၉ ဘီလီယံကျော်ရှိပြီးအမေရိကန်ဒေါ်လာ ၆၆ ဒသမ ၃၅သန်းကျော်ဖိုးခန့် မီးရှို့ဖျက်ဆီးခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအနေနဲ့ ၂ဝ၁၆ နဲ့ ၂ဝ၁၇ ခုနှစ်မှာ မူးယစ်ဆေးဝါး ၂၃၁၁ မှုကို အမှုဖွင့် အရေးယူနိုင်ခဲ့တယ်။ "ဒီနေ့ကျင်းပတဲ့မီးရှို့ဖျက်ဆီးပွဲက နိုင်ငံတော်အဆင့် ကျင်းပတာ"ဟု တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် သူရ ဝင်းနိုင် ကပြောသည်။
"ဒီနေ့မီးရှို့ခဲ့တဲ့ မူးယစ်ဆေးဝါးတွေက ရန်ကုန်တိုင်းဒေသကြီး ၊တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ အမှတ် ၁ နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့ နှင့် အမြန်လမ်းရဲတပ်ဖွဲ့တို့က ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးတွေဖြစ်ပါ တယ်"ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးကြီးမြင့်ထွေးကပြောသည်။
မြန်မာနိုင်ငံသည် ၁၉၆၁ ခုနှစ် တွင် မူးယစ်ဆေးဝါးဆိုင်ရာကွန်ဗင်းရှင်း၊ ၁၉၇၁ ခုနှစ် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာကွန်ဗင်းရှင်း၊ ၁၉၈၈ ခုနှစ် မူးယစ် ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးဆိုင်ရာ ကွန်ဗင်းရှင်းများတွင် ပါဝင်လက်မှတ်ရေးထိုး ခဲ့ပြီး နိုင်ငံတကာကွန်ဗင်းရှင်းနှင့်အညီ နည်းဥပဒေများကိုလည်း ထုတ်ပြန်ခဲ့သည်။
မူးယစ်ဆေးဝါးပပျောက်ရေး မဟာ ဗျူဟာနှစ်ရပ်ကို ချမှတ်ပြီး ၁၉၉၉ - ၂ဝဝဝ ခုနှစ်မှ ၂ဝ၁၃ - ၂ဝ၁၄ ခုနှစ်အထိ ၁၅ နှစ် စီမံကိန်းကို ရှမ်း၊ ကချင်၊ ကယားနှင့် ချင်းပြည်နယ်များရှိ မြို့နယ်ပေါင်း ၅၁ မြို့နယ်၌ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ၂ဝ၁၄-၂ဝ၁၅ ခုနှစ် မှ ၂ဝ၁၈-၂ဝ၁၉ ခုနှစ်အထိ မူးယစ် ဆေးဝါးပပျောက်ရေး စတုတ္ထငါးနှစ်စီမံ ကိန်းကိုတိုးချဲ့ရေးဆွဲ၍ ဖော်ဆောင်လျက်ရှိသည်။
ပြီးခဲ့သည့် ၂၀၁၇ ခုနစ် အတွင် ၂ဝ၁၆ ခုနှစ်အတွင်း က မြန်မာနိုင်ငံတွင်မူးယစ်ဆေးဝါးနှင့် ဆက်စပ်သည့် အမှုပေါင်း ၈၈ဝဝ ရှိခဲ့ပြီး မူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ၏ မီးရှို့ဖျက်ဆီးခဲ့ပြီး ကာလတန်ဖိုး ကျပ်သန်းပေါင်း ၆၆ဝဝဝ ကျော် ဖြစ်ကြောင်း သက်ဆိုင်ရာ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
" ဒီနေ့ မီးရှို့ဖျက်ဆီးခဲ့တဲ့မူးယစ်ဆေး အမျိုးအစား ၂၅ မျိုးပါ၊ ဖမ်းဆီးမှုက မနှစ်တုန်းကထက်စာရင် အရေအတွက်များတယ်။ သိမ်းဆည်းရမိတဲ့ ပစ္စည်းပမာဏက နည်းတယ်"ဟု ရဲမှုးကြီးမြင့်ထွေး ကပြောသည်။



















