ကြက်တိုက်သူများထံမှ သေနတ် ၂ လက်သိမ်းဆည်းရမိ

ကြက်တိုက်သူများထံမှ သေနတ် ၂ လက်သိမ်းဆည်းရမိ

ကရင်ပြည်နယ်တွင် ကြက်တိုက်လောင်းကစားပြုလုပ်နေသူများထံမှ သေနတ် ၂ လက်အပါအဝင် အခြားအသုံးအဆောင် ပစ္စည်း များသိမ်းဆည်းရမိသဖြင့် အမှုဖွင့် အရေးယူခဲ့ကြောင်း ဘားအံခရိုင်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။ 

ဇွန် ၂၄ ရက် ညနေ ၄ နာရီခွဲအချိန်ခန့် တွင် ကရင်ပြည်နယ် ဘားအံမြို့နယ် ကော့မု သွေ ကျေးရွာတွင် ကြက်တိုက်လောင်းကစား ပြုလုပ်နေကြောင်း သတင်းအရ ဘားအံခရိုင်ရဲတပ်ဖွဲ့ မှူးရုံးမှ တပ်ဖွဲ့ဝင်များ၊ ထုံးအိုင်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က သွားရောက်ဖမ်းဆီးခဲ့သည်။ 
ထိုသို့ဖမ်းဆီးစဉ် ဘားအံမြို့နယ်၊ ဘားကပ်ကျေးရွာနေ ကျော်နိုင်ဦး(၅၄)နှစ်ပါ ၁၅ ဦး ကို တိုက်ကြက် ၅ ကောင်၊ ကြက်တိုက်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့် လောင်းကြေး ကျပ်(၇၆၀,ဝ၀ဝ)၊ ဆိုင်ကယ်မျိုးစုံ(၅)စီး၊ မော်တော်ယာဉ်(၁)စီး၊ မော်တော် ယာဉ် အတွင်းမှ M-16 မောင်းပြန်ရိုင်ဖယ်(၁)လက်၊ ၎င်းကျည်(၅)တောင့်၊ ပွိုင့်-၂၂ သေနတ်(၁) လက်၊ ၎င်းကျည်(၅) တောင့်တို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့သောကြောင့် အရေးယူပေးရန် တိုင်ကြားခဲ့သည်။ 
ထုံးအိုင်နယ်မြေရဲစခန်းက(ပ)၃၈/၁၈၊ လောင်းကစားဥပဒေပုဒ်မ ၁၃(က)/၁၄(က)အရ စစ်ဆေးလျက်ရှိသည်။