ကလောမြို့နယ် အောင်ပန်းမြို့ ရွာသစ်ကုန်း ရပ်ကွက်တွင် အမျိုးသားတစ်ဦး သစ်ပင်ပေါ်၌ ဆွဲကြိုးချ သေဆုံးမှု ဇွန် ၂၆ ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါနေ့ ည ၇ နာရီ အချိန်ခန့်တွင် အောင်ပန်းမြို့ ရွာသစ်ရပ်ကွက် ယာခင်းအတွင်း၌ လူတစ်ဦး ဆွဲကြိုးချသေဆုံးကြောင်းသတင်းအရ စခန်းမှူးရဲအုပ်စိုးဝင်းနှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။
သေဆုံးသူမှာ ရွာသစ်ရပ်ကွက်နေ ၂၃နှစ်အရွယ်အမျိုးသားတစ်ဦးဖြစ်ပြီး ယာခင်းရှိ အမြင့် ၁၃ ပေခန့်ရှိ သစ်တောပင်ရိုင်းပေါ်ရှိ သစ်ကိုင်းပေါ်တွင် နိူင်လွန်ကြိုးကို အသုံးပြု၍ ဆွဲကြိုးချ သေဆုံးနေသည်ကို တွေ့ရှိသည်။
၎င်းခန္ဓာကိုယ်တွင်လည်ပင်းကြိုးပွန်းဒဏ်ရာမှအပ ပြင်ပဒဏ်ရာ တစ်စုံတစ်ရာမတွေ့ရှိသဖြင့်အောင်ပန်းတိုက်နယ်ဆေးရုံသို့ပို့အပ်ခဲ့သည်။
သက်ဆိုင်ရာကသေမှုသေခင်းအမှတ် (၃/၁၈)အရ အမှုဖွင့်စစ်ဆေးလျက်ရှိသည်။

















