မီးဖိုချောင်အကူအလုပ်ရမည်ဟုပြောဆိုကာ တရုတ်မယားအဖြစ်ရောင်းချခဲ့သူများကို လူကုန်ကူးမှုဖြင့် အမှုဖွင့်

မီးဖိုချောင်အကူအလုပ်ရမည်ဟုပြောဆိုကာ တရုတ်မယားအဖြစ်ရောင်းချခဲ့သူများကို လူကုန်ကူးမှုဖြင့် အမှုဖွင့်

မီးဖိုချောင်အကူအလုပ်ရမည်ဟုပြောဆိုကာ တရုတ်မယားအဖြစ်ရောင်းချခဲ့သူများကို သက် ဆိုင်ရာက လူကုန်ကူးမှုဖြင့် ဇွန် ၂၆ ရက်တွင် အမှုဖွင့်အရေးယူထားသည်။ 

အဆိုပါနေ့ မွန်းလွဲ ၁ နာရီ အချိန်ခန့်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး တပ်ဖွဲ့စုမှ ဒုရဲမှူးဝေလွင်က သက်ဆိုင်ရာသို့တိုင်ကြားရာတွင် တရုတ်နိုင်ငံသို့ လူကုန်ကူးခံရပြီး ပြန်လည် ရောက်ရှိနေသည့် ဧရာဝတီတိုင်းဒေသကြီး မော်ကျွန်းမြို့နယ်နေ အမျိုးသမီးတစ်ဦးကို ဇွန် ၂၀ ရက်က သွားရောက်မေးမြန်းစုံစမ်းခဲ့ကြောင်း သိရသည်။ 
အဆိုပါ အသက် ၃၁ နှစ်အရွယ် အမျိုးသမီးမှာ ၂၀၁၈ ခုနှစ် မေလအတွင်းက လှိုင် သာယာမြို့နယ်ရှိ အဆောင်တစ်ခုတွင် ငှားရမ်းနေထိုင်သည့် အစ်မဝမ်းကွဲနေအိမ်သို့ အလုပ်ရှာရန် သွားရောက်ခဲ့ကြောင်း သိရသည်။ 
ထို့နောက် အစ်မဝမ်းကွဲ၏ ချွေးမတော်စပ်သူ မလဲ့လဲ့ဝင်း (၂၀ နှစ်)က မြစ်ကြီးနားမြို့ရှိ ဟိုတယ်တစ်ခုတွင် မီးဖိုချောင်အကူလုပ်ကိုင်ပါက တစ်လလျှင်ကျပ် ၅ သိန်း ရမည်ဖြစ်ကြောင်း ပြောဆိုသဖြင့် သဘောတူခဲ့ကြောင်း သိရသည်။ 
မေ ၂၁ ရက်တွင် အောင်မင်္ဂလာအဝေးပြေးမှ ကားဖြင့် လာရောက်ရန်နှင့် မြစ်ကြီးနားမြို့သိုိ့ရောက်ရှိသည့် ကားဂိတ်တွင် လုပ်အားခငွေအဖြစ်ကျပ် ၃၀ဝ၀ဝ နှင့် မလဲ့လဲ့ဝင်း မှ ၄င်း၏ ကလေး ၂ ဦးအတွက် ငွေကျပ် ၅၀ဝ၀ဝ ကို လွှဲပေးမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ 
အဆိုပါနေ့ ကားဂိတ်စာရေးထံ ငွေကျပ် ၈၀ဝ၀ဝ ကိုထုတ်ယူခဲ့ပြီးနောက် ငွေကျပ် ၃ သောင်းကိုယူဆောင်ကာ နံနက် ၁ နာရီထွက်သည့်ကားဖြင့် မြစ်ကြီးနားမြို့သို့ လိုက်သွားခဲ့သည်။ မြစ်ကြီးနားကား ဂိတ်သို့အရောက်မလဲ့လဲ့ဝင်းမှဆိုင်ကယ်ကယ်ရီသမားကို ကြိုခိုင်းခဲ့ပြီး အထပ်မြင့် တည်းခိုခန်းတစ်ခုသို့ ခေါ်ဆောင်သွားခဲ့သည်။ တည်းခိုခန်း၏ ၃ လွှာတွင် မလဲ့လဲ့ဝင်းက ကြိုစောင့်နေပြီး အလှပြင်ဆိုင်သို့ ခေါ်ဆောင်သွားခဲ့ ကြောင်း မလဲ့လဲ့ဝင်းမှာ အဆိုပါတည်းခိုခန်းတွင် ရှမ်းတရုတ်မ (စိစစ်ဆဲ) တစ်ဦးက မွေးစားထားသည့် မြန်မာ အမျိုးသားတစ်ဦးနှင့်ပေါင်းသင်းနေထိုင်ကြောင်း သိရှိခဲ့သည်။ 
အလှပြင်ဆိုင်မှ တည်းခိုခန်းသို့ ပြန်ရောက်စဉ် မနှင်းဝတ်ရည်(ခ)ဟန်နီ ဆိုသူ အမျိုးသမီးရောက်နေပြီး ၄င်းတို့ ၂ ဦး ရှမ်းတရုတ်မနှင့်လိုက်သွားရန် မလဲ့လဲ့ဝင်းက ပြောဆိုခဲ့သည်။ 
နောက်တစ်နေ့ တွင် ရှမ်းတရုတ်မက ဖုန်းဆက်ခေါ်သဖြင့် တရုတ်အမျိုးသား ၂ ဦးရောက်လာပြီး တရုတ်နယ်စပ်တွင် ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်ခဲ့ပြီးနောက် တရုတ်ပြည်ဘက်မှ လာကြိုသည့်ကားဖြင့် လိုက်သွားခဲ့ရာ ရန်ကျင်းမြို့သို့ရောက်ရှိခဲ့သည်။ အမည်မသိဟိုတယ်တစ်ခုတွင်တည်းခိုနေထိုင်စဉ် ရှမ်းတရုတ်မနှင့် တရုတ်အမျိုးသားတို့ ရောက် လာပြီး ၄င်းတို့ကို ဆေးခန်းတစ်ခုသို့ခေါ်သွားကာ သွေးစစ်ဆေးခဲ့သည်။ သွေးအဖြေရပြီးနောက် ၄င်းတို့ကို ဟိုတယ်သို့ ပြန်ပို့ပေးခဲ့ ပြီး ရှမ်းတရုတ်မနှင့် တရုတ်အမျိုးသား ၂ ဦးတို့ စာချုပ်ချုပ်ဆိုကာ အဆိုပါ စာချုပ်ပေါ်တွင် ၄င်းတို့ ၂ ဦးကို လက်ဗွေနှိပ်ခိုင်းခဲ့သည်။ 
တရုတ် ၂ ဦးက ရှမ်းတရုတ်မကို ငွေများချေခဲ့သည်ကိုတွေ့ခဲ့ရကြောင်း သိရသည်။ 
၄င်းတို့ ၂ ဦးကိုလည်း အဆိုပါ အမျိုးသား ၂ ဦးနှင့်လိုက်သွားရန် ပြောသဖြင့် အိပ်စင်ပါသည့် ကားဖြင့် ခရီးဆက်ခဲ့ရာ လမ်းတွင် မနှင်းဝတ်ရည်(ခ)ဟန်နီ က တရုတ်ဘာသာဖြင့် ခရီးသည်အချင်းချင်း ဘယ်ရောက်နေတာလဲဟု မေးမြန်းရာ ခွေးမှင်မြို့သို့ရောက်နေကြောင်း ပြောပြသိရှိခဲ့ရကြောင်း သိရသည်။ 
အလုပ်လုပ်ရန် တရုတ် အမျိုးသား ၂ ဦးနှင့်လိုက်ပါလာကြောင်း ပြောဆိုရာ ခရီးသည် အမျိုးသမီးက တရုတ်များက အလုပ်ပေး မည်မဟုတ်ဘဲ မယားအဖြစ်ပေါင်းသင်းနေထိုင်ရန်ခေါ်လာခြင်းဖြစ်ကြောင်း ပြောပြသိရှိခဲ့သောကြောင့် တရုတ်အမျိုသားများ အိပ်နေစဉ် ကားပေါ်မှဆင်းပြေးခဲ့သည်။ လမ်းတွင်တွေ့ရသည့် အငှားယာဉ် တစ်စီးကို အကူညီတောင်းခံကာ တရုတ်ရဲစခန်းသို့ပို့ဆောင်ခိုင်းခဲ့ပြီး ရဲစခန်းတွင် တစ်လခန့် ထိန်းသိမ်းခံရပြီးနောက် တရုတ်ရဲများက ရွှေလီမြို့သို့ လိုက်ပို့ပေးခဲ့သည်။ မူဆယ်မြို့မှ တာဝန်ရှိသူများနှင့်ချိတ်ဆက်ကာ မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိခဲ့ပြီး မီးဖိုချောင်အကူ လုပ်ကိုင်ရမည်ဟုပြောဆိုကာ တရုတ်မယားအဖြစ်ရောင်းချခဲ့သည်ဆိုသူများကိုအရေးယူပေးရန် ဒုရဲမှူး ဝေလွင်က တိုင်ကြားခဲ့သည်။ 
လှိုင်သာယာမြို့မရဲစခန်းက (ပ)၂၃၅၆/၁၈ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄/၃၂ အရ အမှုဖွင့် အရေးယူထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး