တာချီလိတ်မြို့တွင် ကားတစ်စီးပေါ်၌ အမျိုးသားတစ်ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံး

တာချီလိတ်မြို့တွင် ကားတစ်စီးပေါ်၌ အမျိုးသားတစ်ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံး

ဇွန် ၂၇ ရက် နံနက် ၁၀ နာရီ အချိန်ခန့်တွင် တာချီလိတ်မြို ့ ပုံလို ့လမ်း NIEC ဘေးလမ်း အတွင်း ရပ်ထားသည့် မတ်တူးယာဉ်အတွင်း အမျိုးသားတစ်ဦး နားထင်နောက် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေပြီး သေဆုံးသူနှင့် ပတ်သက်၍ တာချီလိတ်မြို့မရဲစခန်းက စုံစမ်းစစ်ဆေးလျက်ရှိသည်။ 

တာချီလိတ်မြို့မရဲစခန်းမှူး ဒုရဲမှူး မျိုးခိုင်၏ စုံစမ်းချက်များအရ သေဆုံးသူမှာ လှမိုး(စိစစ်ဆဲ) ဆိုသူဖြစ်ပြီး ကားအတွင်း နားထင်နောက် သေနတ်ဒဏ်ရာ ၃ ချက်ရရှိကာ သေဆုံးနေသည်ကို တွေ့ရှိခဲ့သည်။ 
အလောင်းကို တာချီလိတ်နာရေးကူညီရေးအသင်းက တာချီလိတ်ပြည်သူ ့ဆေးရုံကြီး သို့ ပို့ဆောင်ပေးခဲ့ပြီး အသတ်ခံရမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာက စုံစမ်းစစ်ဆေးလျက်ရှိသည်။