အမြဲဆူပူကြိမ်းမောင်းနေသည့် ခင်ပွန်းကို ဇနီးက ဓါးဖြင့်ခုတ်သတ်

အမြဲဆူပူကြိမ်းမောင်းနေသည့် ခင်ပွန်းကို ဇနီးက ဓါးဖြင့်ခုတ်သတ်

ကန့်ဘလူမြို့နယ်တွင် အမြဲဆူပူကြိမ်းမောင်းနေသူ ခင်ပွန်းကို ဇနီးဖြစ်သူကဓါးဖြင့်ခုတ်သတ်ခဲ့မှု ဖြစ်ပွားခဲ့ကြောင်း ဇွန် ၂၇ ရက်နေ့ကကန့်ဘလူနယ်မြို့မရဲစခန်းမှသိရသည်။

ဇွန်လ ၂၆ ရက်နေ့ နံနက် ၂ နာရီ ၄၅ မိနစ်အချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ကန့်ဘလူမြို့နယ်၊ သင်းတောကျေးရွာမြောက်ဘက်ရှိ အိုင်မကွင်းတဲတိုက်တွင်လူသတ်မှုဖြစ်ပွားကြောင်း သတင်းအရ ချပ်သင်းရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များသည်သက်သေများနှင့်အတူ သွားရောက်စစ်ဆေး ခဲ့ရာ သေဆုံးသူမှာ အဆိုပါကျေးရွာနေဦးမောင်ညွှန့်(၆၀)နှစ်ဖြစ်ပြီး အရက်သေစာသောက်စား မူးယစ်၍ဇနီးဖြစ်သူ ဒေါ်တင်လေး(၆၀)နှစ်အား အမြဲဆူပူကြိမ်းမောင်းနေသည်ကိုဇနီးဖြစ်သူ ဒေါ်တင်လေး မှ မကျေမနပ်ဖြစ်ကာ ဦးမောင်ညွှန့် အရက်မူးပြီးအိပ်ပျော်နေစဉ် အရိုးအသွား(၂၃) လက်မခန့်ရှိ ဓားမဖြင့် ခုတ်ခဲ့သောကြောင့်ဒဏ်ရာများရရှိ၍ သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ဒေါ်တင်လေး အားကန့်ဘလူမြို့မရဲစခန်း (ပ)၁၃၁/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အရေးယူထားကြောင်း သတင်းရရှိသည်။