လမ်းလျှောက်လာစဉ် ရေမြောင်းထဲသို့ခြေချော်ပြုတ်ကျပြီး ရေနစ်သေဆုံး

လမ်းလျှောက်လာစဉ် ရေမြောင်းထဲသို့ခြေချော်ပြုတ်ကျပြီး ရေနစ်သေဆုံး

ရသေ့တောင်မြို့နယ်တွင် ဆေးလိပ်ဝယ်ပြီး ကျောင်းသို့ပြန်လာသည့် ရဟန်းတစ်ပါးရေမြောင်းအတွင်း ခြေချော်ပြုတ်ကျရာက သေဆုံးခဲ့မှု ဖြစ်ပွားခဲ့ကြောင်း ဇွန်၂၇ ရက်နေ့ကရသေ့တောင်နယ်မြေရဲစခန်း မှသိရသည်။

ဇွန်လ ၂၆ ရက်နေ့ ညနေ ၃ နာရီ ၂၀ မိနစ်အချိန် ရသေ့တောင်မြို့နယ်၊တောင်ရင်းတန်းရပ်ကွက်ရှိ ဓမ္မမဏ္ဍိုင်ကျောင်းဘေး ရေမြောင်း၌ဥူးကေတု(ခ)ကျော်အေး(၄၇)နှစ် (၅)ဝါ ကျောက်ဂူတော ရကျောင်း တိုက်နေသူမှာဆေးလိပ်ဝယ်ပြီး ကျောင်းသို့ပြန်လာစဉ် အကျယ် ၄ ပေ၊ အနက် ၄ ပေခန့်ရှိ ရေမြောင်းဘေးမှဖြတ်လျှောက်ရာ ခြေချော်ပြုတ်ကျခဲ့သည်။

ဇွထိုသို့ပြုတ်ကျခဲ့ပြီး ပြန်မထနိုင်ဘဲ ရေနစ်သေဆုံးသွား သဖြင့် အလောင်းကိုမြို့နယ် မီးသတ်သတ်ဖွဲ့ဝင်များကဆယ်ယူကာဆေးရုံသိုု့ပို့ဆောင်ပေးခဲ့ပေးခဲ့သည်။ သေဆုံးမှုနှင့်ပတ်သက်၍ ရသေ့တောင်မြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ်(၆/၁၈)ရေးဖွင့် စစ်ဆေးလျက်ရှိသည်။