ရှစ်နှစ်အရွယ် ကလေးငယ်ကို ပထွေးဖြစ်သူကသားမယားအဖြစ်ပြုကျင့်

ရှစ်နှစ်အရွယ် ကလေးငယ်ကို ပထွေးဖြစ်သူကသားမယားအဖြစ်ပြုကျင့်

တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာအုပ်စု တွင် ပထွေးဖြစ်သူက အသက် ၈နှစ်အရွယ် ကလေးငယ်ကို သားမယားပြုကျင့်ခဲ့သည်ဆိုမှုကို ဇွန် ၂၇ ရက်နေ့ကအမှုဖွင့်တိုင်ကြားခဲ့ကြောင်း သိရသည်။

အဆိုပါနေ့ နံနက် ၇ နာရီ အချိန်ခန့်တွင်သိန်းခွန်ကျေးရွာနေအမျိုးသမီးတစ်ဦးက သက်ဆိုင်ရာ သို့တိုင်ကြားခဲ့ရာတွင် ဇွန် ၁၄ ရက်နေ့နံနက်ပိုင်းတွင် နောက်အိမ်ထောင်ဖြစ်သူ ဦးကျော်သန်း(၃၅ နှစ်) နှင့်သမီး၂ ယောက်ကို တောင်ယာ တဲမှာထားရစ်ခဲ့ပြီး အမှတ်(၈)ကျေးရွာတွင်ရိက္ခာဝယ်ယူပြီး တောင်ယာတဲ့သို့ နံနက် ၁၀ နာရီခန့်ပြန်ရောက်ရှိစဉ်သမီးကြီးဖြစ်သူမှာ အိပ်ယာမှမထပဲ အိပ်နေ သဖြင့် "ခုထိအိပ်ယာမ ှမထသေးဘူးလားနေမကောင်း ဖြစ်နေလား"လို့မေးမြန်းရာ သမီးငယ်ဖြစ်သူမှ ဦးကျော်သန်းနှင့်မမတို့လိင်ဆက်ဆံနေသည်ဟုပြောပြသိရှိခဲ့သည်။ခင်ပွန်းဖြစ်သူ ဦးကျော်သန်းကို မေးမြန်းရာ မဟုတ်ကြောင်းပြောသဖြင့်ခင်ပွန်းဖြစ်သူမှ ရန်ရှာ မည်စိုး၍ ရေချောင်းဘက်မှာရေသွားချိုးမည်ပြောပြီးသမီး ၂ ယောက်အားရေချောင်း ဖက်သို့ ခေါ်ဆောင် ကာ မေးမြန်းခဲ့သည်။

အကြောင်းစုံသိရှိရပြီး ညနေပိုင်းတွင်အမှတ်(၈)ကျေးရွာနေအိမ်သို့ပြန်သွားပြီး အိမ်နီးချင်းဖြစ်သူအမျိုးသမီးကိုတိုင်ပင်နေစဉ်အရံသားဖွားဆရာမတစ်ဦးရောက်ရှိလာပြီး နောက်ထပ်အဆိုပါဖြစ်စဉ်မျိုးထပ်မံ ကျူးလွန်မည်ဆိုးသောကြောင့်မောတောင်နယ်မြေရဲစခန်း သို့ ဇွန် ၂၇ ရက်နေ့ နံနက်ပိုင်းတွင် အမှုဖွင့်တိုင်ကြားခဲ့သည်။ မောတောင် နယ်မြေရဲစခန်းက ဦးကျော်သန်း ကိုရာဇသတ်ကြီးဥပဒေပုဒ်မ-၃၇၆ အရ အမှုဖွင့်အရေးယူထားသည်။