အမေရိကန်၏သံမဏိနှင့် အလျူမီနီယမ်သွင်းကုန်ခွန်တိုးကောက်မှု လက်စားချေရန် ရုရှားချိန်ဆနေ

အမေရိကန်၏သံမဏိနှင့် အလျူမီနီယမ်သွင်းကုန်ခွန်တိုးကောက်မှု လက်စားချေရန် ရုရှားချိန်ဆနေ

အမေရိကန်ပြည်ထောင်စုက ပြည်ပမှတင်သွင်းသည့် သံမဏိနှင့် အလျူမီနီယမ်များအပေါ် အခွန်တိုးကောက်မှုကို လက်စားချေရန် အမေရိကန်သွင်းကုန်များအပေါ် တုံ့ပြန်အခွန်တိုးကောက်ရေး ရုရှားဝန်ကြီးချုပ် ဒီမီထရီမက်ဒီဗက်ဗ်က တောင်းဆိုလိုက်သည်။

မည်သည့်ကုန်စည်ဟု မက်ဒီဗက်ဗ်က ဖော်ညွန်းမှုမပြုခဲ့သော်လည်း စီးပွားရေးဖွံ့ဖြိုးမှုဝန်ကြီးဌာနသည် အခွန်တိုးကောက်မည့် အစီအစဉ်ရေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အခွန်တိုးကောက်မှုကြောင့် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးစစ်ပွဲအလားအလာအတွက် စိုးရိမ်ပူပန်နေစဉ် ရုရှား၏ချင့်ချိန်ထုတ်ပြန်မှု ပေါ်ထွက်လာခြင်းဖြစ်သည်။

သမ္မတထရမ့်၏ ဆုံးဖြတ်ချက်သည် ခွဲခြားဆက်ဆံမှုလက္ခဏာဖြစ်ကြောင်း၊ ၄င်းတို့သည် အကျိုးဆက်ကို ရင်မဆိုင်ဘဲ မဖြစ်နိုင်ကြောင်း၊ ဥရောပသမဂ္ဂ တရုတ်နှင့်မိမိတို့သည် လက်တုံ့ပြန်ရန် အတိုင်းအဆကို ချင့်ချိန်နေကြောင်း မက်ဒီဗက်ဗ်က ပြောဆိုခဲ့သည်။