ထရမ့်နှင့်ပတ်သက်လျှင့် အဆိုးဆုံးပြင်ဆင်ထားရမည်ဟု ဥရောပကောင်စီဥက္ကဌဆို

ထရမ့်နှင့်ပတ်သက်လျှင့် အဆိုးဆုံးပြင်ဆင်ထားရမည်ဟု ဥရောပကောင်စီဥက္ကဌဆို

ဝါရှင်တန်နှင့် ဘရပ်ဆဲလ်အကြား ကုန်သွယ်ရေးစစ်ပွဲ ဖြစ်နိုင်ခြေနှင့်အတူ သမ္မတဒေါ်နယ်ထရမ့်၏ မူဝါဒများကြောင့် ဥရောပသမဂ္ဂ(အီးယူ)အနေဖြင့် အဆိုးဆုံးပြင်ဆင်ထားရမည်ဖြစ်ကြောင်း ဥရောပသမဂ္ဂကောင်စီဥက္ကဌ ဒေါ်နယ်တပ်စ်ခ်က ပြောဆိုလိုက်သည်။

အတ္တလန္တိတ်ဖြတ်ကျော် ဆက်ဆံရေးကို သမ္မတထရမ့်၏ မူဝါဒများက ကြီးမားစွာသက်ရောက်ပေးခဲ့ကြောင်း ရေးသားထားသည့်စာတစ်စောင်ကို တပ်စ်ခ်က အီးယူခေါင်းဆောင်များထံ ဇွန် ၂၇ ရက်က ပေးပို့ခဲ့သည်။ အီးယူခေါင်းဆောင်များ၏ နှစ်ရက်တာထိပ်သီးတွေ့ဆုံပွဲတွင် တပ်စ်ခ်က အကောင်းဆုံးမျှော်လင့်ထားသကဲ့သို့ အီးယူအတွက် အဆိုးဆုံးမျှော်လင့်ပြင်ဆင်ထားရေးလည်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

ယခုလအစောပိုင်းက ထရမ့်က အီးယူမှ သံမဏိနှင့် အလျူမီနီယမ်သွင်းကုန်များအပေါ် အခွန်တိုးကောက်ရန် ဆုံးဖြတ်ခဲ့ခြင်းကြောင့်  အီးယူသည် ယူရို ၂ ဒသမ ၈ ဘီလီယံ(ဒေါ်လာ ၃ ဒသမ ၂၅ ဘီလီယံ)တန်သည့် အမေရိကန်ထုတ်ကုန်များကို လက်တုံ့ပြန်အခွန်တိုးကောက်ရန် ဆုံးဖြတ်ခဲ့သည်။