ပုလဲဆိပ်ကမ်း (ဟာဝိုင်ယီ) ” လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀ နံနက်စောစောပိုင်းမှာ ပုလဲဆိပ်ကမ်းကို ဗုံးမိုးရွာတိုက်ခိုက်ခဲ့မှုကြောင့် လူ ၂,၄၀ဝ နီးပါး သေဆုံးခဲ့သူများထဲမှာရေး အီမိုရီဆိုသူကတော့ အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။
အခု အသက် ၉၇ နှစ်ရှိပြီဖြစ်တဲ့ အီမိုရီဟာ အဲဒီနေ့တုန်းက သေဆုံးခဲ့သူတွေကို ဘယ်တော့မှ မမေ့နိုင်ဘဲဘယ်သူဘယ်ဝါမှန်းမသိ မြှုပ်နှံခံခဲ့ရတဲ့သူတွေရဲ့ရုပ်အလောင်းတွေကို ဖော်ထုတ်ခွဲခြားပြီး မိသားစုဝင်
များထံ ပြန်ပို့ပေးဖို့ ဇွဲနပဲနဲ့ ထပ်တလဲလဲ တောင်းဆိုရင်းလွန်ခဲ့တဲ့ ဆယ်စုနှစ်များစွာကို အချိန်ကုန်ဆုံးခဲ့ပါတယ်။တုတ်ကောက်ကိုင်ကာ မရဲတရဲ ခြေလှမ်းလှမ်းနေတဲ့အီမိုရီဟာ သူ့သားနဲ့အတူ အိုင်ဒါဟိုးက ဘွိုင်စီမြို့မှာသွားရောက်နေထိုင်ဖို့ သူ့ရဲ့ ဟာဝိုင်ယီနေအိမ်က မထွက်ခွာခင်မှာ နောက်ဆုံးအကြိမ်အဖြစ် ပုလဲဆိပ်ကမ်းကိုပြန်လာခဲ့ပါတယ်။
၁၉၄၂ ခုနှစ် ဒီဇင်ဘာ ၇ ရက် တုန်းက သူတာဝန်ထမ်းဆောင်ခဲ့တဲ့ ယူအက်စ်အက်စ် ဟိုနိုလူလူ သင်္ဘောဆိုက်ကပ်ခဲ့တဲ့ ဆိပ်ကမ်းမှာ သူဟာ သုံး၊ လေးမိနစ်လောက်ပဲ နောက်ဆုံးအကြိမ်အဖြစ်နေပြီး အိမ်ကို ပြန်လာ ခဲ့ဖို့ စိတ်ကူးခဲ့တာပါ။ ဒါပေမဲ့ သင်္ဘောနဲ့ အဆိုပါဆိပ်ကမ်းပေါ်မှာ သင်္ဘောသား ၅၀ဝ ကျော် လောက်ဟာတန်းစီရပ်နေပြီး သူ့ကို အလေးပြုကာ အော်ဟစ်နှုတ်ဆက်ခဲ့ကြတာကြောင့် သူဟာ အံ့အားသင့်ခဲ့ပါတယ်။
သူ့ကို ဂုဏ်ပြုတဲ့ အဆိုပါအခမ်းအနားမှာ အီမိုရီကမိုက်ခရိုဖုန်းကိုယူလိုက်ပြီး ပုလဲဆိပ်ကမ်း တိုက်ခိုက်ခံခဲ့ရတုန်းကရှိနေတဲ့ သင်္ဘောဒါဇင်ပေါင်းများစွာရဲ့ အမည ်တွေကို ရွတ်ခဲ့ပါတယ်။ "ဒီနေရာကို လာရလို့ ဝမ်းသာပြီးဒီအဖြစ်ကို ဘယ်တော့မှမမေ့ပါဘူး"လို့ သတင်းထောက်တွေကို ပြောပါတယ်။
ပုလဲဆိပ်ကမ်း တိုက်ခိုက်ခံရစဉ်က တော်ပီဒိုတွေပစ်ချနေတဲ့ လေယာဉ်ပျံတွေကို အီမိုရီက ပစ်ခတ်တိုက်ခိုက်ဖို့ စီမံခဲ့ပါတယ်။ သူ့ သင်္ဘောကုန်းပတ်ပေါ်ကို ကျလာတဲ့ကျည်ဆံခွံတွေ သူ့ဆီမှာ ရှိနေတုန်းပါ။ စစ်တပ်နဲ့ပူးပေါင်းပြီး လုပ်ဆောင်ခဲ့တဲ့ အီမိုရီရဲ့လုပ်ရပ်ကို Navy and National Park Service က ၂၀ဝ၂ မှာအသိအမှတ်ပြုကာ စစ်မှုထောင်းဟောင်း ဌာနက ပုလဲဆိပ်ကမ်းသေဆုံးမှုကို အမှတ်တရ ဂုဏ်ပြုပေးခဲ့ပါတယ်။
ပုလဲဆိပ်ကမ်းမှာ သေဆုံးခဲ့တဲ့ ရုပ်အလောင်းတွေကိုဖော်ထုတ်ခွဲခြားမယ့် သူ့ရဲ့ ကြိုးပမ်းအားထုတ်မှုကိုဗျူရိုကရက်တွေက ကနဦးတုန်းက လက်မခံခဲ့ပါဘူး။
"ဘယ်နေရာမှာဆိုတာ မင်းသိရင်သွားဖော်"လို့သူတို့က ယဉ်ယဉ်ကျေးကျေးနဲ့ အလုပ်မဖြစ်အောင်ငြင်းလိုက်တယ်လို့ အီမိုရီက ပြောပါတယ်။ ဒီလို ပြောကြားချက်တွေက သူ့ကို မဟန့်တားနိုင်ခဲ့ပါဘူး။
ကွယ်လွန်သွားပြီဖြစ်တဲ့ ဟာဝိုင်ယီက အမေရိကန်လွှတ်တော်အမတ် ပက်စ်တီမင့်ခ် ကမကထပြုခဲ့တဲ့ ဥပဒေပြဋ္ဌာန်းချက်အရ ယူအက်စ်အက်စ် အရီဇိုးနားက အမည်မသိ သေဆုံးသူတွေအတွက် သူတို့ရဲ့ သင်္ဘောနာမည်နဲ့အတူ အုတ်ဂူကျောက်တိုင် စိုက်ထူခဲ့ပါတယ်။
၂၀ဝ၃ ခုနှစ်မှာတော့ ယူအက်စ်အက်စ် အိုကလာဟိုးမားတပ်သားတွေရဲ့ မှတ်တမ်းတွေကို စေ့စေ့စပ်စပ်လေ့လာပြီးတဲ့အခါမှာ အီမိုရီ ပြောသလိုပဲ စစ်တပ်ကခေါင်းတလားတစ်ခု တူးဖော်ဖို့ သဘောတူခဲ့ပါတယ်။အီမိုရီလုပ်ရပ်ဟာ မှန်ကန်နေပြီး တပ်သား ငါးယောက်ဟာမည်သူမည်ဝါဖြစ်တယ်ဆိုတာ ဖော်ထုတ်နိုင်ခဲ့ပါတယ်။
ဒါဟာ ပင်တဂွန်ရဲ့ ဆုံးဖြတ်ချက်အတွက် အခြေခံအုတ်မြစ်ချမှတ်နိုင်ပြီး နောက်ပိုင်း ဆယ်စုနှစ်ကျော်အချိန်မှာတော့ ဟိုနိုလူလူက အမျိုးသားသင်္ချိုင်းမှာ မြှုပ်နှံခဲ့တဲ့ အမည်မသိ တပ်သားတွေရဲ့ အလောင်းတွေကိုပြန်ဖော်ပြီး အိုကလာဟိုးမားက သင်္ဘောသား ၃၈၈ယောက်စလုံးကို အမည်ဖော်ထုတ်ဖို့ ကြိုးပမ်းခဲ့ပါတယ်။
အလောင်းပြန်ဖော်တဲ့ ၂၀၁၅ ခုနှစ် အချိန်ကစပြီးအိုကလာဟိုးမားသင်္ဘောက တပ်သား ၁၃၈ ယောက်ကိုမည်သူမည်ဝါဆိုတာ ဖော်ထုတ်နိုင်ခဲ့ပါတယ်။ အလောင်း၇၇ လောင်းကို သူတို့ရဲ့ နေရပ်မြို့တွေမှာ ပြန်လည်မြှုပ်နှံခဲ့ကာ မိသားစုတွေဆီ အပ်နှံဇာတ်သိမ်းလိုက်ပါတယ်။
ရေတပ်နဲ့ ပုလဲဆိပ်ကမ်း အသက်ရှင်သူများဆိုင်ရာဆက်သွယ်ရေးအရာရှိ ဂျင်မ်တေလာက အီမိုရီလို လူမျိုးနောက်ထပ်မရှိကြောင်း၊ သူသာ မပြောခဲ့လျှင် ယခုကဲ့သို့လုပ်ဆောင်မှု ဖြစ်လာမှာမဟုတ်ကြောင်း ပြောပါတယ်။
ပုလဲဆိပ်ကမ်း တိုက်ခိုက်ခံရမှုကြောင့် အမေရိကန်တပ်သား ၂,၄၀ဝ နီးပါး သေဆုံးခဲ့ရပါတယ်။ အိုကလာဟိုးမားသင်္ဘောကတော့ တော်ပီဒိုကိုးခု အနည်းဆုံးထိမှန်တဲ့အတွက်ကြောင့် ၄၂၉ ယောက် ဆုံးရှုံးခဲ့ရပါတယ်။
ဒါဟာ သင်္ဘောတစ်စင်းတည်းမှာ သေဆုံးသူအရေအတွက် ဒုတိယအများဆုံး ဖြစ်ပါတယ်။ ယူအက်စ်အက်စ် အရီဇိုးနားက ရေတပ်သား ၁,၁၇၇ ယောက်ဆုံးရှုံးခဲ့ပါတယ်။ အရီဇိုးနားသင်္ဘောပေါ်မှာ သေဆုံးခဲ့သူအများစုကတော့ နစ်မြုပ်သွားတဲ့ စစ်သင်္ဘောကြီးရဲ့ကိုယ်ထည်ထဲမှာပဲ မြှုပ်နှံကျန်ရှိနေတာ ဖြစ်ကြောင်းသိရပါတယ်။

















