အစ္စတန်ဘူလ် - ဇွန် ၂၄ ရက်တွင် ပြုလုပ်ခဲ့သော သမ္မတရွေးကောက်ပွဲတွင် တူရကီသမ္မတ ရီဆက် တေယစ်အာဒိုဂန်က ထပ်မံအနိုင်ရရှိခဲ့ပြီး မဲဆန္ဒရှင်များက သမ္မတရာထူးကို ၎င်းအား အပ်နှင်းခဲ့ခြင်းဖြစ်ကြောင်း အာဒိုဂန်က ပြောကြားခဲ့သည်။
ဇွန် ၂၅ ရက်အစောပိုင်းတွင် မဲရလဒ် ၉၇ ဒသမ ၇ ရာခိုင်နှုန်း ရေတွက်ပြီးနောက် အာဒိုဂန်ကို အနိုင်ရသူအဖြစ် ရွေးကောက်ပွဲကောင်စီ ဥက္ကဌ ဆာဒီ ဂူဗန်က ကြေညာခဲ့ကြောင်း အေပီသတင်းဌာန၏ ထုတ်ပြန်ချက်အရသိရသည်။ အဆိုပါရွေးကောက်ပွဲတွင် နှစ်များစွာအတွင်း လက်ငင်းအကျိုးသက်ရောက်စေသော မဲပေးမှုများထဲက တစ်ခုဖြစ်ခဲ့ပြီး ဆယ်စုနှစ်တစ်ခုခွဲကျော်ကြာတူရကီနိုင်ငံကို အုပ်ချုပ်ခဲ့သည့် လက်ရှိသမ္မတကို စိန်ခေါ်ရန်အတိုက်အခံပါတီများ စည်းစည်းလုံးလုံး ပူးပေါင်းလှုပ်ရှားခဲ့သည်ကိုရွေးကောက်ပွဲတွင် မြင်တွေ့ခဲ့ရသည်။
တစ်ကိုယ်တော်အုပ်ချုပ်ခွင့် စနစ်ကို ခိုင်မာစွာအမြစ်တွယ်စေသည့်စနစ်ဟု ဝေဖန်သူတို့က ပြင်းပြင်းထန်ထန် ဝေဖန်ထားသည့် လွှတ်တော်နှင့် တရားစီရင်ရေးအခွင့်အာဏာကို ထိန်းချုပ်နိုင်သော သမ္မတစနစ်သစ်အောက်တွင် အောင်ပွဲခံ သမ္မတသစ်သည် အုပ်ချပ်ရေးအာဏာကို အလုံးစုံ ကိုင်စွဲအသုံးပြုခွင့်ရမည်ဖြစ်သည်။ မဲရလဒ်ရေတွက်မှုကို စောင့်ကြည့်နေသော အတိုက်အခံပါတီများနှင့် ဆက်နွှယ်နေသော ရွေးကောက်ပွဲ တရားမျှတရေးအဖွဲ့နှင့် နိုင်ငံပိုင် သတင်းအေဂျင်စီ နှစ်ခုစလုံးက ထုတ်ပြန်ခဲ့သော တရားမဝင်ရလဒ်များကို အခြေခံပြီး အာဒိုဂန်၏ အာဏာရပါတီနှင့် ၎င်း၏ အမျိုးသားရေး မဟာမိတ်အဖွဲ့က ဥပဒေပြုလွှတ်တော်တွင် နေရာအများစုကို ရရှိထားဖွယ်ရှိသည်။ သို့သော် မဲအရေအတွက် စောင့်ကြည့်သူများကို နိုင်ငံ၏ မဲပုံးများမှ မဲများကို မျှမျှတတ ရေတွက်စေရန် အာဒိုဂန်၏ အဓိကပြိုင်ဘက် မူဟာရန်အင့်စ်နှင့် ၎င်း၏ လက်ဝဲပြည်သူ့ရီပတ်ဘလီကန်ပါတီ၊ သို့မဟုတ် စီအိပ်ချ်ပီက တိုက်တွန်းခဲ့သည်။
လွှတ်တော်နှင့် တရားစီရင်ရေးအခွင့်အာဏာကို ထိန်းချုပ်နိုင်သော သမ္မတစနစ်သစ်အောက်တွင် အောင်ပွဲခံ သမ္မတသစ်သည် အုပ်ချပ်ရေးအာဏာ....
အစိုးရလိုလားသော မီဒီယာနှင့် အတိုက်အခံပါတီကို ထောက်ခံအားပေးသော အဖွဲ့တို့က အင့်စ်၏ လက်ဝဲပြည်သူ့ရီပတ်ဘလီကန်ပါတီသည် မဲရေတွက်ရန် ကျန်ရှိနေသေးသော မထင်ရှားသည့် ကိုယ်စားလှယ်လောင်းများနှင့်အတူ မဲရလဒ် ၃၀ ရာခိုင်နှုန်းအကြမ်းဖျင်းရရှိထားကြောင်း သိရသည်။ စီအိပ်ချ်ပီ လက်ဝဲပြည်သူ့ ရီပတ်ဘလီကန်ပါတီ ဦးဆောင်သော မဟာမိတ်အဖွဲ့အစည်းက လွှတ်တော်မဲအရေအတွက် ၃၄ ရာခိုင်နှုန်းရရှိခဲ့ပြီး အာဒိုဂန်၏ တရားမျှတရေးနှင့် ဖွံ့ဖြိုးရေးပါတီက လွှတ်တော်အတွင်း နေရာအများစု ဆုံးရှုံးခဲ့ကြောင်း နိုင်ငံပိုင် အန်နာဒူလူသတင်းအေဂျင်စီက ထုတ်ပြန်ခဲ့သည်။ သို့သော် ရွေးကောက်ပွဲတွင် အသာစီးရခဲ့သည့် ၎င်း၏ မဟာမိတ် အမျိုးသားရေးလှုပ်ရှားမှုပါတီနှင့်အတူ လွှတ်တော်အတွင်း ထိန်းချုပ်မှုကို ထိန်းသိမ်းနိုင်ခဲ့သည်။ ကာဒစ်ရှ်လူမျိုး ထောက်ခံအားပေးသော ဒီမိုကရက်တစ်ပါတီ၊ သို့မဟုတ် အိပ်ချ်ဒီပီပါတီ၏ ခေါင်းဆောင် သမ္မတလောင်း ဆယ်လာဟက်တင် ဒီမာတက်စ် ဖမ်းဆီးခံထားရသော်လည်း ၎င်းပါတီက လွှတ်တော်အတွင်း မဲအရေအတွက် ၁၀ ရာခိုင်နှုန်းဖြင့်ဝင်ရောက်နိုင်ခဲ့သည်။
နောက်ထပ် သမ္မတ သက်တမ်း ငါးနှစ်အတွက် ပြန်လည်ရွေးကောက်တင်မြှောက်ခွင့်ရရန် ကြိုးစားခဲ့သည့် အသက် ၆၄ နှစ်ရှိပြီဖြစ်သော အာဒိုဂန်အတွက် ယခုသမ္မတနှင့် လွှတ်တော်မဲဆန္ဒပေးပွဲက အရေးပါသော စစ်ဆေးခံရမှုဖြစ်ခဲ့သည်။ သို့သော်ယခုရွေးကောက်ပွဲတွင် သမ္မတရာထူးနှင့် ပတ်သက်ပြီး ဝေဖန်မှုဖြင့် ဆွဲဆောင်ပေးခဲ့သော အင့်စ်ကို အထင်ကြီးရသော စိန်ခေါ်သူတစ်ယောက်အဖြစ်ဖြင့် အာဒိုဂန်က ရင်ဆိုင်ခဲ့သည်။ အာဒိုဂန်၏ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး လှုပ်ရှားမှုများက နိုင်ငံအနှံ့ရှိ မြို့ကြီးများရှိ လူဦးရေ သန်းပေါင်းများစွာကို ဆွဲဆောင်နိုင်ခဲ့သည်။ အာဒိုဂန် သမ္မတသက်တမ်းတွင် အစိုးရ နှင့်သဘောထား ကွဲလွဲဆန့်ကျင်သူများ၊ နိုင်ငံရေးသမားများနှင့် မီဒီယာ၊ သတင်းထောက်များနှင့် အတိုက်အခံ ခေါင်းဆောင်များကို ထောင်ချခြင်းနှင့် လွတ်လပ်သော သတင်းစာများကို ပိတ်သိမ်းခြင်းစသည့် ထိထိရောက်ရောက် နှိမ်နင်းမှုများကို အစိုးရက ပြုလုပ်ခဲ့သည်။ ၂၀၁၆ ခုနှစ်တွင်လည်း အာဏာသိမ်းရန် ကြိုးပမ်းမှု ဖြစ်ပွားခဲ့ပြီးနောက် အာဒိုဂန်က တူရကီနိုင်ငံကို အရေးပေါ်အခြေအနေ သတ်မှတ်ခဲ့ပြီး ထိုသို့ သတ်မှတ်ခဲ့မှုက ရွေးကောက်ပွဲ၏ အခြေခံသဘောတရားကို ဝင်ရောက်စွက်ဖက်ခဲ့သည်ဟု စောင့်ကြည့်လေ့လာသူများက ဆိုသည်။

















