ဗင်နီဇွဲလားနိုင်ငံ ရေရှားပါးမှုကို ရင်ဆိုင်နေရဗင်နီဇွဲလား စစ်တပ်က အမြတ်ထုတ်

ဗင်နီဇွဲလားနိုင်ငံ ရေရှားပါးမှုကို ရင်ဆိုင်နေရဗင်နီဇွဲလား စစ်တပ်က အမြတ်ထုတ်

ဗင်နီဇွဲလားနိုင်ငံတွင် အလုပ်သမား ဆန္ဒပြမှုများဖြစ်ပွားခဲ့ပြီးနောက် ရပ်ကွက်များရှိ ရေပိုက်များ ပြုပြင်နိုင်ခြင်းမရှိသည့်အပြင် ရေလှောင်ကန်များ၌ ရေပြတ်လပ်မှုများ ဖြစ်ပေါ်လာခဲ့သည်။ အဆိုပါ စိုးရိမ်စရာကောင်းသော အခြေအနေကိုကိုင်တွယ်ရန် အခကြေးငွေ ကောက်ခံ၍ ဗင်နီဇွဲလားနိုင်ငံ စစ်တပ်ကရေရောင်းချခဲ့သည်။ လက်ရှိတွင် လူဦးရေ ၅ ဒသမ ၅ သန်းရှိ မြို့တော်အတွင်းရေရရှိနိုင်မည့် အဓိကနေရာ ခုနစ်နေရာကို စစ်သားများနှင့်ရဲတပ်ဖွဲ့က ထိန်းချုပ်ထားသည်။ ၎င်းတို့က ပြည်သူနှင့် ပုဂ္ဂလိကပိုင်ဆိုင်သော ရေသယ်ယာဉ်များကိုသိမ်းယူထားသည်။

 

တွင်းထွက်ပစ္စည်း ြွကယ်ဝသည့် အာကို မင်နယ်ရို ဒယ် အိုရင်နို ဒေသကိုနိုင်ငံပိုင် ရေနံထုတ်လုပ်ရေးအတွက် စစ်တပ်ကို လွှဲပြောင်းပေးအပ်ခဲ့ပြီးနောက် အစားအစာနှင့် ရေထိန်းချုပ်မှု မြင့်တက်လာခဲ့သည်။ နိုင်ငံစီးပွားရေးပြိုလဲမှုနှုန်း ပိုမို မြန်ဆန်လာသည့်အချိန်တွင် ဗင်နီဇွဲလား သမ္မတ နီကိုလတ်စ်မာဒူရိုအစိုးရက အကျိုးအမြတ်ရရှိနိုင်မည့် လုပ်ငန်းများကို တပ်ဖွဲ့ဝင်ဦးရေ၁၆၀,ဝ၀ဝ စစ်တပ်အားေပးအပ်ခဲ့သည်။၂၀၁၃ ခုနှစ်တွင် သမ္မတအဖြစ်တာဝန် စတင်ထမ်းဆောင်ခဲ့သည့်အချိန်တွင် မာဒူရိုက ရာပေါင်းများစွာသောစစ်ဘက်ဆိုင်ရာအရာရှိများကို ရာထူးတိုးမြှင့်ပေးခဲ့သည်။ ယခုအချိန်တွင်လက်ရှိနှင့် အငြိမ်းစားဗိုလ်ချုပ်၊ လူထုဆက်ဆံရေးရုံးတွင် ရေတပ်ဗိုလ်ချုပ်ကြီးများနှင့် အရာရှိအရေအတွက် ၁,ဝ၀ဝ ခန့်ရှိပြီး စစ်တပ်အရာရှိများက လွှတ်တော်နေရာ ၃၂ နေရာတွင် ကိုးနေရာကို ထိန်းသိမ်းထားသည်။
"ဘယ်အရာကိုမဆို စစ်တပ်က အမိန့်ပေးနိုင်တယ်လို့ အစိုးရက ယုံကြည်ထားတာကြောင့် ရေပေးဝေရေးလည်း သိမ်းပိုက်ခံလိုက်ရပါပြီ"ဟု ၁၉၉၀ပြည့်နှစ်တွင် ဟိုင်ဒရို ကက်ပီတယ်ဌာနခေါင်းဆောင် နော်ဘက်တိုဘောက်ဆန်က ပြောသည်။ သဘောတရားအရ ဆိုရှယ်လစ်နိုင်ငံတစ်နိုင်ငံဖြစ်သည့် ဗင်နီဇွဲလားနိုင်ငံတွင် ရေရရှိရန် လစဉ် အခကြေးငွေပေးရသည်။
သို့သော် ကာရာကတ်စ်မြို့တော်ရှိ ရေပိုက်များမှာ ဆယ်စုနှစ် သုံးခုခန့်သက်တမ်းရှိပြီး ပြင်ဆင်မှု မပြုလုပ်ရသေးသည့်အပြင် ၎င်းလုပ်ခဲ့စဉ်အချိန်ကပိုက်ပြင် ပိုက်ဆက် အလုပ်သမား ၄၀ဝ ရှိသည့်အနက် ယခုအခါ အလုပ်သမား၄၀ လျော့ကျခဲ့သည်ဟု သူက ဆိုသည်။ ကာရာကတ်စ်မြို့တော် အပြင်ဘက်ရှိရေလှောင်ကန်များမှ ရေများကို မြို့တော်အတွင်း ပေးပို့ပေးမည့် ရေပိုက်အများစုအနက် အနည်းငယ်သာ အသုံးပြုနိုင်တော့သည်။ အရေးပေါ်အခြေအနေတွင်ရက်ပေါင်း ၁၅ ရက်ခန့် သုံးစွဲနိုင်သည့် အရန် ရေကာတာနှစ်ခုမှာလည်းရေ လုံးဝနည်းပါးလျက်ရှိသည်။
တစ်ခါတစ်ရံ ရေပေးဝေမှုကို နာရီပေါင်း ၄၈ နာရီကျော်ကြာအောင် ဟိုင်ဒရိုကက်ပီတယ် ရေပေးဝေရေးဌာနက ဖြတ်တောက်လေ့ရှိသည်။ ကာရာကတ်စ်မြို့တော်ရှိ ပြည်သူလူထုက မနက်ပိုင်းတွင် တစ်ချိန်နှင့် ညပိုင်းတစ်ချိန် မိနစ်၃၀ ခန့်သာ ရေရရှိကြောင်းသိရသည်။ နိုင်ငံပိုင် ရေပေးဝေမှုမှာ နိုင်ငံအတွင်းရှိမိသားစု ဦးရေ ၂၇ ရာခိုင်နှုန်းသာ ဘေးကင်းစိတ်ချရသောသန့်ရှင်းသည့် ရေကိုအသုံးပြုခွင့်ရရှိကြောင်း ပြည်နယ်လေးခု၏ အဆင်းရဲဆုံး ဒေသများတွင်ထောက်ပံ့ကူညီရေးများ ဆောင်ရွက်နေသော ကာရီတက်စ် ပရဟိတအဖွဲ့အစည်း၏ အစီရင်ခံစာအရ သိရသည်။ မိသားစုဦးရေ ၆၅ ရာခိုင်နှုန်းသာတစ်ပတ်အတွင်း သုံးရက်သာ ရေရရှိပြီး မီရန်ဒါ ပြည်နယ်တွင် ဆင်းရဲသောမိသားစုများမှလွဲ၍ ကျန်သောလူများ မကြာခဏ ရေရရှိကြောင်း သိရသည်။
ရေများများ ပိုလိုချင်သောလူက စစ်တပ်ကို ငွေကြေးများများ ပေးဆောင်ရသည်။ ဆန်းချက်စ်ကဲ့သို့ ပုဂ္ဂလိက ရေနံတူးဖော်ရေးလုပ်ငန်း ကုမ္ပဏီများကရေများကို စစ်တပ်ထံက ဝယ်ယူသိုလှောင်ပြီး ဝယ်ဈေးထက် အဆမတန်တိုးမြှင့်ကာ ပြန်လည်ရောင်းချလျက်ရှိသည်။ မေလတွင် ပြုလုပ်မည့် အရေးပေါ်ထောက်ပံ့ရေးအစီအစဉ်အတွက် စစ်တပ်အရာရှိများက ကာရာကတ်စ်မြို့တော်သို့ ရေဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ကိုယ်ပိုင်ရေတွင်းအများစုမှာ တရားမဝင် တူးဖော်ထားသည်။ ရေတွင်းမတူးဖော်မီ ဥပဒေအရခွင့်ပြုမိန့် လျှောက်ထားရန် လိုအပ်သည်။ စာရွက်စာတမ်းဖြင့် လျှောက်ထားမှုမှာ
ကာလအတော်ကြာ ကြာမြင့်တတ်သော်လည်း အချို့ အရပ်သားများကခွင့်ပြုမိန့်ကို စိတ်ရှည်ရှည်ထား စောင့်မျှော်လျက်ရှိကြသည်။
သမ္မတ နီကိုလတ်စ် မာဒူရို အစိုးရလက်ထက်တွင် ဗင်နီဇွဲလားနိုင်ငံ၏အခြေအနေအရပ်ရပ်မှာနိမ့်ကျလာပြီး စားနပ်ရိက္ခာနှင့် ဆေးဝါးရှားပါးမှုကြောင့် ပြည်သူတော်တော်များများ နိုင်ငံရင်းကို စွန့်ခွာခဲ့ကြပြီး လမ်းတွင်အကြမ်းဖက်မှုများနှင့် ရင်ဆိုင်ကြရသည်။ ထို့ပြင် မြို့ကြီးမြို့ငယ်များတွင်မကြာခဏ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများနှင့် ယခုအခါတွင် ရေရှားပါးမှုကိုပါ ရင်ဆိုင်လာခဲ့ရခြင်းဖြစ်သည်။