သြစတြေးလျကုန်းခေါင်ခေါင်မှ ဧရာမလူသားရုပ်သွင် နှစ် ၂၀ ကြာသော်လည်း အဖြေရှာမရသေးဘဲရှိနေ

သြစတြေးလျကုန်းခေါင်ခေါင်မှ ဧရာမလူသားရုပ်သွင် နှစ် ၂၀ ကြာသော်လည်း အဖြေရှာမရသေးဘဲရှိနေ

လွန်ခဲ့သည့်နှစ် ၂၀ က သြစတြေးလျတောင်ပိုင်းတွင် ရဟတ်ယာဉ်ဖြင့်ပျံသန်းစဉ် လေယာဉ် မောင်းသူတစ်ဦးက လူမနေသည့် ကုန်းခေါင်ခေါင်၌တွေ့ခဲ့ရသည့် ၄ ဒသမ ၂ ကီလိုမီတာ (၂ ဒသမ ၅ မိုင်) အရပ်အမောင်းရှိ ဧရာမလူသားရုပ်သွင်ကြီးသည် မည်သူဖန်တီးခဲ့မှန်းမသိရဘဲ ယနေ့တိုင် ပဟေဠိဖြစ်နေသည်။

ကမ်းလှမ်းခဲ့

အနီးဆုံးမြို့တစ်မြို့ကိုအမှီပြု၍ မာရီးလူသားဟုခေါ်သည့် ယင်းလူရုပ်သည် ကမ္ဘာမြေကြီး ပေါ်တွင် အကြီးမားဆုံး သရုပ်ဖော်ဒီဇိုင်းတစ်ခုဖြစ်သည်။ ယင်းသရုပ်ဖော်ဖန်တီးမှုနှင့်ပတ် သက်သည့် သတင်းအချက်အလက်ပေးနိုင်သူကို သြစတြေးလျဒေါ်လာ ၅၀ဝ၀ (အမေရိကန် ဒေါ်လာ ၃၇၀ဝ) ပေးမည်ဖြစ်ကြောင်း သြစတြေးလျလုပ်ငန်းရှင် ဒစ်စမစ်က ယခုအပတ်အတွင်း ကမ်းလှမ်းခဲ့သည်။

မာရီးလူသားသည် ကြီးမားလွန်း၍ မြေပြင်မှကြည့်သည်ထက် လေယာဉ်ပေါ်ကကြည့်မှ ပိုအဆင်ပြေခြင်းကြောင့် ကမ္ဘာလှည့်ခရီးသွားလေကြောင်းများအကြားတွင်လည်း ကျော်ကြား သည်။ ရုပ်ပုံကောက်ကြောင်းကို အဖြောင့်တွက်ပါက စုစုပေါင်း ၂၈ ကီလိုမီတာရှည်လျားပြီး ကောက်ကြောင်းအထူမှာလည်း ၃၅ စင်တီမီတာ (၁၄ လက်မ) ရှိသည်။ ဒေသခံများက မာရီး လူသားသည် မူလတိုင်းရင်းသားတစ်ဦးဖြစ်၍ ဝူးမဲရာခေါ် တုတ်တိုတစ်ချောင်းဖြင့် ပစ်ပေါက် မည့်သဏ္ဌာန်ဟု ယုံကြည်ကြသည်။

ပုံရိပ်ဖန်တီးသူသည် ဂျီပီအက်စ်နည်းပညာအသုံးပြုခဲ့ဖွယ်ရှိကြောင်း မာရီးသတင်းစာ တစ်စောင်ကရေးသည်။ ယင်းအမြင်ကို ထောက်ခံသူများရှိသလို တခြားသီအိုရီများဖြင့် မှန်းဆ မှုမျာလည်း နှစ်ပေါင်းများစွာအတွင်းရှိခဲ့သည်။ အမေရိကန်အနုပညာရှင်တစ်စု လာရောက် ဖန်တီးခဲ့ခြင်းဟု ထင်သူရှိသလို သြစတြေးလျစစ်တပ်နှင့် ဒေသခံတို့လက်ရာဟု ထင်သူလည်း ရှိသည်။

မလေးမစားလုပ်

မာရီးလူသားကို ၁၉၉၈ ခုနှစ် ဇွန် ၂၆ ၌ ကောင်းကင်မှ ပထမဆုံးမြင်ခဲ့သူမှာ ရဟတ် ယာဉ်မှူး ထရီဗွာဝိုက်ဖြစ်သော်လည်း ယင်းမတိုင်မီ တွေ့ရှိခဲ့သူများရှိကြောင်းလည်း သိရသည်။ ပုံရိပ်ရှိသည့်မြေသည် အရာဘာနာတိုင်းရင်းသားတို့ အစဉ်အလာပိုင်ဆိုင်ခဲ့သည့်မြေဖြစ်၍ တချို့တိုင်းရင်းသားများက ၎င်းတို့အထွတ်အမြတ်မြေကို မလေးမစားလုပ်ခြင်းဟု ယူဆကြသည်။

စက်ယန္တရား

လွန်ခဲ့သည့်နှစ်များအတွင်း မာရီးလူသားရုပ်သွင်သည် မှေးမှိန်လာခဲ့ရာ အရာဘားနား တိုင်းရင်းသားတို့၏ သဘောတူညီမှုဖြင့် စက်ယန္တရားများအကူအညီဖြင့် ၂၀၁၆ ခုနှစ်တွင် ပြန်လည်ဖော်ထုတ်ခဲ့သည်။ ]]Óဏ်မမီတဲ့လျှို့ဝှက်ချက်က ဆွဲဆောင်မှုရဲ့ တစ်စိတ်တစ်ပိုင်းပါ}} ဟု အရာဘာနာ၊ မူလတိုင်းရင်းသား ပူးပေါင်းဆောင်ရွက်ရေးမန်နေဂျာ မစ္စတာမဲရစ်ခ်က ပြောဆိုခဲ့သည်။