လက်ကိုင်ဖုန်း ၁၃ လုံး လုယက်မှုကျူးလွန်သူ ၂ ဦးကို ရဲတပ်ဖွဲ့က ဖမ်းမိ

လက်ကိုင်ဖုန်း ၁၃ လုံး လုယက်မှုကျူးလွန်သူ ၂ ဦးကို ရဲတပ်ဖွဲ့က ဖမ်းမိ

လက်ကိုင်ဖုန်းနှင့်မသင်္ကာဖွယ်တွေ့ရှိသူ ၂ ဦးကို စစ်ဆေးရာက လုယက်မှု ၁၃ မှုပေါ်ပေါက်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ဇွန် ၂၈ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ဇွန် ၁၅ ရက်နေ့ ည ၉ နာရီအချိန်တွင် သန်လျင်မြို့နယ်နေ အမျိုးသမီးတစ်ဦးသည် အလှပြင်ဆိုင်မှ နေအိမ်သို့ပြန်ရန်သူငယ်ချင်းဖြစ်သူမောင်းနှင်သော ဆိုင်ကယ်၏နောက်တွင်ထိုင်လျက်လိုက်ပါစီးနင်းလာစဉ် ဓမ္မစေတီလမ်းနှင့် သမိန်ဗရမ်းလမ်းထောင့်အရောက်၌ အမျိုးသားနှစ်ဦးစီးနင်းမောင်းနှင်လာ သော ဆိုင်ကယ်မှာ ကပ်လျက်လိုက်ပါလာပြီး ၄င်းလက်တွင်ကိုင်ထားသော ပိုက်ဆံအိတ်အား ဆိုင်ကယ် နောက်တွင်လိုက်ပါ လာသူကဆွဲယူကာ ဆိုင်ကယ်ကို မောင်း နှင်ထွက်ပြေး သွားခဲ့သဖြင့် အရေးယူပေးရန်တိုင်ကြားခဲ့သည်။သန်လျင်မြို့မရဲစခန်း ရာဇသတ်ကြီးပုဒ်မ ၃၈၂/၁၁၄ အရ အမှုဖွင့် စုံစမ်းခဲ့သည်။

ပြစ်မှု ကျူးလွန်သူများကို ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းဖော်ထုတ်ရေးတပ်ဖွဲ့ဝင်များနှင့် သန်လျင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက နယ်မြေများအတွင်း သတင်း စုံစမ်းရွက်နေစဉ် ဇွန် ၁၅ ရက်နေ့ ည ၁၁နာရီခွဲချိန်တွင်ကျောက်တန်းမြို့မရဲစခန်း မှတပ်ဖွဲ့ဝင်များက သန်လျင်-ကျောက်တန်းလမ်းမကြီး၊ ဂိတ်(၁)အနီးတွင် ယာဉ်စစ်ပိတ်ဆို့ဆောင် ရွက်နေစဉ် အမျိုးသားနှစ်ဦး စီးနင်း မောင်းနှင်လာသော ဆိုင်ကယ်အား စစ်ဆေးရာ Oppo လက်ကိုင် ဖုန်းကိုတွေ့ရှိရပြီး ဖုန်းနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာ ခိုးယူလာကြောင်းနှင့် ၎င်းတို့မှာ သန်လျင်မြို့ နယ်နေ စိုင်းဝေယံကျော်(ခ)ကိုစိုင်း၊ (၁၉)နှစ်နှင့် ဝင်းကို(ခ)ဝတုတ်၊ (၁၈)နှစ် တို့ဖြစ်ကြောင်း ပေါ် ပေါက်သဖြင့် ကျောက်တန်းမြို့မရဲစခန်း တွင် အမှုဖွင့်အရေးယူခဲ့သည်။

ထို့အပြင် ၎င်းတို့နှစ်ဦးကို ထပ်မံစစ်ဆေးခဲ့ရာ သန်လျင်မြို့မရဲစခန်းတွင်ဖွင့်လှစ်စုံစမ်းလျက်ရှိသည့် အမှုကို ထပ်မံကျူးလွန်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။

စိုင်းဝေယံကျော်(ခ)ကိုစိုင်းနှင့် ဝင်းကို(ခ)ဝတုတ်တို့အား အခြားလုယက်မှုများ ကျူးလွန်ထားခြင်းရှိ မရှိ တိုက်ဆိုင်စစ်ဆေးခဲ့ပေါ်ပေါက်ချက်များအရသန်လျင်နှင့်ကျောက်တန်းမြို့နယ်များအတွင်းလမ်းလျှောက်နေသူများနှင့်ဆိုင်ကယ်စီးနင်သူများထံမှလက်ကိုင်ဖုန်းလုယက်မှု ၁၃ မှုကို ကျူးလွန်ခဲ့ကြောင်း ပေါ် ပေါက်ခဲ့သည်။

သက်ဆိုင်ရာက ၄င်းတို့ ကျူးလွန်ခဲ့သည့် လုယူမှုများမှလက်ကိုင်ဖုန်းများကို ပြန်လည်သိမ်းဆည်းခဲ့ပြီးဖုန်းပိုင်ရှင်များ အနေဖြင့်သက်ဆိုင်ရာ ရဲစခန်းများသို့ ဆက်သွယ်ရန် ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။