မြန်မာ့ကျောက်မျက်ရတနာပြပွဲ ကျောက်စိမ်း ယူရို ၂၅၁ ဒသမ ၉၅၉ သန်းဖိုး ရောင်းချရ

မြန်မာ့ကျောက်မျက်ရတနာပြပွဲ ကျောက်စိမ်း ယူရို ၂၅၁ ဒသမ ၉၅၉ သန်းဖိုး ရောင်းချရ

နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပလျက် ရှိသည့် (၅၅) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ဇွန် ၂၄ ရက်မှ ၂၇ ရက်အထိ ကျောက်စိမ်းအတွဲပေါင်း ၃၅၁၆ တွဲကို ယူရို ၂၅၁ ဒသမ ၉၅၉ သန်းဖြင့် ရောင်းချခဲ့ရကြောင်း သိရသည်။

ခင်းကျင်းပြသ

(၅၅) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲသည် (၉၃)ပွဲမြောက်ဖြစ်ကာ ဇွန် ၂၀ ရက်မှ ၂၉ ရက်(ယနေ့)အထိ ခင်းကျင်းပြသ ရောင်းချလျက်ရှိသည်။

"ဒီပွဲမှာ အကြမ်းဖျင်းကတော့ ယူရိုသန်း ၄၀ဝ ဝန်းကျင်လောက် ရောင်းရမယ်လို့ခန့်မှန်းထားပါတယ်"ဟု ပြပွဲကျင်းပရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသန်းဇော်ဦးက ပြောဆိုသည်။

ပြပွဲတွင်တင်ပြရောင်းချမည့် ပုလဲအတွဲပေါင်း ၃၆၀၊ ကျောက် မျက်အတွဲပေါင်း ၃၃၆ တွဲ၊ ကျောက်စိမ်းအတွဲပေါင်း ၆၇၉၅ တွဲ ပါဝင် ကြောင်း သိရသည်။

စာရင်းသွင်းထား

(၅၅) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲသို့ တက် ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ကနေဒါနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့မှ ပြည်ပရတနာကုန်သည် ၃၁၃၂ ဦးနှင့် ပြည်တွင်း ရတနာကုန်သည် ၁၂၀၃ ဦး စုစုပေါင်း ၄၃၃၅ ဦး စာရင်းပေး သွင်းထား သည်။ အဆိုပါပြပွဲဖွင့်ပွဲကျင်းပသည့် ဇွန် ၂၀ ရက်တွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ ဥက္ကဋ္ဌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူ များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး